Author Archives: Department of Disaster Management

  • မြေပြိုဘေးနှင့် လေဆင်နှာမောင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်အတွင်းရှိ (၁၉-၇-၂၀၁၈)ရက်နေ့တွင် ရွှေကျင်အုပ်စု၊ ရေတွင်းကုန်းကျေးရွာတွင် ရေဝင်ရောက်မှုကြောင့် မြေကျွံကျ၍ ပြိုကျပျက်စီးခဲ့သော အိမ်ခြေ (၁)လုံးမှ အိမ်ထောင်စု(၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၁)အိမ်ထောင်စာ (တန်ဖိုး-၃၂,၃၅၃ ကျပ်)ကို လည်းကောင်း (၂၀-၇-၂၀၁၈) ရက်နေ့တွင် မဲခင်းချောင်ကျေးရွာအုပ်စု၊ မဲခင်းချောင်ကျေးရွာ၊ နန်းတော်ကျွန်းကျေးရွာ၊ မဲခင်ချောင်ကွက်သစ်များ၌ ဖြစ်ပွား ခဲ့သော လေဆင်နှာမောင်းဘေးကြောင့် ပြိုလဲပျက်စီးသော အိမ်ခြေ (၃၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး … Read more

  • မြစ်ရေကြီးမှုအခြေအနေသတင်း

    ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၁) ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် (၁)ရက်အတွင်း (၁)ပေခွဲခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ အကြံပြုချက် သို့ဖြစ်ပါ၍ ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။ Source: DMH  

  • မြဝတီမြို့ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

        ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် (၂၀.၇.၂၀၁၈) ရက်နေ့ (၂၂း၃၀)အချိန်မှစ၍ သောင်ရင်းမြစ်ရေမြင့် တက်မှုကြောင့် မြဝတီမြို့ အမှတ်(၂/၄/၅) ရပ်ကွက်ရှိအိမ်ထောင်စုများအား အမှတ် (၅)ရပ်ကွက်၊ ကျွန်းတော ဈေး၊ အမှတ်(၄) ရပ်ကွက်၊ ကျောက်ဖျာဓမ္မာရုံ၊ အမှတ်(၂) ရပ်ကွက် ကိုးနဝင်းဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့ထားပြီး အဆိုပါ ရေဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်ထောင်စု (၁၀၂)စု၊ ကျား (၂၃၉)၊ မ(၂၇၈) ပေါင်း (၅၁၇) … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂၀-၇-၂၀၁၈) ရက်နေ့၌ ရေးမြို့နယ်၊ ဘဲလမုကျေးရွာ အုပ်စု၊ ဘဲလမုကျေးရွာ တွင် လေပြင်းတိုက်ခတ်မှုကြောင့် ရာဘာပင်လဲကျ၍ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ( ၁၀၀,၀၀၀) ကျပ်နှင့် လေဘေးသင့် လူဦးရေ (၅) ဦးအတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀၀) ကျပ်၊ စုစုပေါင်း (၁၁၀,၅၀၀) ကျပ်တို့ကို (၂၁-၇-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: … Read more

  • လေဆင်နှာမောင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်‌ဦးစီးမှူးရုံးမှတာဝန်‌ရှိသူများသည် (၂၀-၇-၂၀၁၈)ရက်‌‌နေ့တွင်‌ ဖျာပုံမြို့ နယ်၊ အမာမြို့ဘဝသစ်‌‌ ကျေးရွာအုပ်‌စု၊ ခေတ္တာကျွန်းကျေးရွာ၌ လေဆင်‌နှာ‌မောင်‌း တိုက်‌ခတ်‌မှု‌ကြောင့် ပြိုကျပျက်‌စီးအိမ် (၁၈) လုံးနှင့် ယိုင်‌လဲပျက်‌စီးအိမ်(၇)လုံး၊ အိမ်‌‌ထောင်‌စု(၂၅) စုအတွက် အိမ်‌‌ဆောက် ပစ္စည်းဖိုး‌ငွေ (၁,၉၄၀,၀၀၀) ကျပ်၊ လူဦး‌ရေ(၁၁၄) ဦးအတွက် (၇) ရက်‌စာ ဆန်‌ဖိုး‌ငွေ (၂,၃၉,၄၀၀) ကျပ်၊ ပြိုလဲနေအိမ်ရှိ အိမ်‌‌ထောင်‌စု(၁) စုအတွက် ကယ်‌ဆယ်‌‌ရေးပစ္စည်း (၁၆) မျိုး (၁၈) … Read more

  • လေဆင်နှာမောင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၇-၂၀၁၈) ရက်နေ့ ည(ရး၅၀)နာရီချိန် သထုံမြို့ နယ်၊ နန်းခဲရပ်ကွက်နှင့် လိပ်အင်းရပ်ကွက်၊ မြေနီကုန်းကျေးရွာတို့တွင် လေဆင်နှာမောင်းတိုက်ခတ်မှု ကြောင့်လူနေအိမ် (၆) လုံးသွပ်အမိုးလန်ပြီး၊ ဓနိမိုး၊ ထရံကာ လူနေအိမ် (၁) လုံး ပြိုကျပျက်စီးခဲ့ပါ သည်။ ထို့အပြင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် သစ်ကိုင်းကျိုးပြီး ဓါတ်ကြိုးပြတ်ကျမှုကြောင့် စာကျက်ဝိုင်းမှ ပြန်လာသော (၇) တန်း ကျောင်းသူ မဖူးပွင့်ဝေ အသက် (၁၂)နှစ် … Read more

  • သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၇-၂၀၁၈) ရက်နေ့ နေ့လည် (၁၄းဝဝ) နာရီမှ (၁၅း၃၀) နာရီ အထိ မိုင်းယန်းမြို့နယ်၊ မိုင်းယန်းမြို့နယ်၊ အ.ထ.က ကျောင်းတွင်  သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့တက်ရောက်သူ (၁၅၀) ဦးအား ငလျင်ဘေးနှင့်အခြားဘေးများ အကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #simex_eqk #shn_jul2018

  • မြေပြိုဘေးသင့်ပြည်သူများ၊ ရေဘေးသင့်ပြည်သူများနှင့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူ များသည် မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာအုပ်စု၊ အောက်ပေါင်းကျေးရွာ၌ (၁၈-၇-၂၀၁၈) နေ့ရက်တွင် ဖြစ်ပွားခဲ့သော မြေပြိုဘေးကြောင့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၈) ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀ိ/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၆,၈၀၀ိ/-) ကျပ်အားလည်းကောင်း၊ ကြဲကျေးရွာအုပ်စု၊ … Read more

  • မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၁)၊၂၀၁၈

    မုန်တိုင်းငယ်သတင်း (၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၁)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၁)၊၂၀၁၈ မုန်တိုင်းငယ်အခြေအနေ ================= (က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ် အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression)တစ်ခု အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ အိန္ဒိယ နိုင်ငံ၊ ဘလာဆော(Balasore)မြို့၏ အရှေ့-အရှေ့တောင်ဘက် (၆၆)မိုင်ခန့်၊ ဒီဂါ(Digha) မြို့၏ တောင်-အရှေ့တောင်ဘက် (၄၆)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ (ခ) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် … Read more

  • ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ လက်ပံခုန်အုပ်စု၊ ဘူးခုံကျေးရွာ၌ (၁၇-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀ိ/) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/) ကျပ်အား (၂၁-၇-၂၀၁၈) ရက်နေ့၊ (၁၁း၃၀) အချိန်တွင် မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #bgo_july2018 Source:         မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events