Author Archives: Department of Disaster Management

  • သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်း အမှတ်စဉ် (၂/၂၀၁၈) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ (၁၉-၉-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် “သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်း အမှတ်စဉ် (၂/၂၀၁၈) “သင်တန်းဖွင့်ပွဲအခမ်းအနား အားကျင်းပပြုလုပ်ခဲ့ရာ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရွှေတောင်မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှှု ကော်မတီအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများ နှင့် သင်တန်းသား/သူ စုစုပေါင်း (၆၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၉-၉-၂၀၁၈) ရက်နေ့မှ (၂၁- ၉-၂၀၁၈) ရက်နေ့အထိဖြစ်ကြောင်း … Read more

  • သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ အမာမြို့၊ တယ်ပင်ဆိပ်‌‌ကျေးရွာ၊ (အ.ထ.က) ကျောင်‌း၌ (၁၉-၉-၂၀၁၈) ရက်နေ့၊ နေ့လည် (၂) နာရီမှ ညနေ (၄) နာရီအချိန်ထိ လူမှုဖွံ့ဖြိုးတိုးတက်‌‌ရေးအသင်‌းနှင်‌့ အတူ သဘာဝ‌ဘေး‌လျော့ပါး‌ရေး အသိပညာ‌ ပေး‌ဆွေး‌နွေး‌ဟော‌ပြောပွဲ ကျင်‌းပခဲ့ရာ ဆရာ/ ဆရာမများနှင်‌့ ကျောင်‌းသား/သူ (၁၀၀) ဦးတက်‌‌ရောက်ခဲ့ ကြပြီး တက်ရော က်လာသူများအား လက်ကမ်‌းစာ‌စောင်များနှင်‌့ ဗီနိုင်‌းပိုစတာများ ဖြန့် ဝေခဲ့ပါသည်။ ဟောပြောပွဲ၌ ပင်လယ်ကမ်‌းရိုးတန်‌း‌ဒေသများတွင် ဖြစ်‌လေ့ရှိ‌သော … Read more

  • သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ အမာမြို့၊ ကန္နားကွင်‌း‌ကျေးရွာမူလတန်း(လွန်‌‌)ကျောင်‌း၌ (၁၉-၉-၂၀၁၈) ရက်နေ့၊ နံနက် (၁၀) နာရီမှ (၁၂) နာရီအချိန်ထိ လူမှုဖွံ့ဖြိုးတိုးတက်‌‌ရေးအသင်‌းနှင်‌့အတူ သဘာဝ‌ဘေး‌လျော့ပါး‌ရေး အသိပညာ‌ပေး‌ဆွေး‌နွေး‌ဟော‌ပြောပွဲ ကျင်‌းပခဲ့ရာ ဆရာ/ ဆရာမများနှင်‌့ ကျောင်‌းသား/သူ (၁၅၅) ဦးတက်‌‌ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား လက်ကမ်‌းစာ‌စောင်များနှင်‌့ ဗီနိုင်‌းပိုစတာများ ဖြန့် ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ Source:         ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_sep2018

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊  မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျောက်တော်မြို့နယ်၊ အပေါက်ဝ ကျေးရွာအုပ်စု၊ ချောင်းဖျား ကျေးရွာ၌ (၁၇ – ၉ – ၂၀၁၈) ရက်နေ့တွင်လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးနေအိမ် (သွပ်မိုး/ ပျဉ်ကာ/ပျဉ်ခင်း) (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀ိ/-) ကျပ်၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၈) ပြည် (၆) ဗူးနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) … Read more

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာ ယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနနှင့် (UNDP) တို့ပူးပေါင်း၍ ချင်းပြည်နယ်၊ ဟားခါးမြို့၊ အ-ထ-က (၂) စာသင်ကျောင်းရှိ ဗိုလ်ကြွမ်ဘိခ့်ခန်းမ၌ (၁၉-၉-၂၀၁၈) ရက်နေ့တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော ပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ (၅၀၀) ကျော်တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား ငလျင်အသိပညာပေးပိုစတာ၊ ငလျင်အန္တရာယ်ပြမြေပုံ၊ ဇာတ်တိုက်လေ့ကျင့်မှုစာအုပ်များ၊ ငလျင်အန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များနှင့် အချက်ပေး Whistle (၅) ခု တို့အား ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:         ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) … Read more

  • သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည့်သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လှိုင်သာယာမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ကနောင်ခန်းမ၌ (၁၉-၉-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင်  သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ရာ ပြည်သူလူထု (၁၅၀) ဦးခန့်တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။ Source:         ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #ygn_sep2018

  • ရသေ့တောင်မြို့နယ်အတွင်းရှိ မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊  ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၊ ရသေ့တောင်မြို့၊ အရှေ့တောင်ရပ်ကွက်၊ စည်ပင်သာယာလမ်း၌ (၁၂.၉.၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ (၄,၂၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၄,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) … Read more

  • ကျောင်းတွင်းအခြေပြု သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လူမှုဖွံ့ဖြိုးတိုးတက်အသင်‌း (CDA) နှင်‌့ ပူး‌ပေါင်‌း၍ (၁၈-၉-၂၀၁၈) ရက်‌‌နေ့တွင် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့၊ ဆိပ်မ‌ကျေးရွာအုပ်စု၊ ဆိပ်မ‌ကျေးရွာ သာဓုမာတနိ ဘုန်‌း‌တော်ကြီး‌ကျောင်‌းသင် အလယ်တန်‌း‌ကျောင်‌း၌ ‌‌‌ကျောင်‌းတွင်‌းအ‌ခြေပြု သဘာဝ‌ဘေး‌လျော့ပါး‌ရေး အသိပညာ‌ပေး ‌‌ဟော‌ပြောပွဲကျင်းပခဲ့ရာ ကျောင်‌းသား/သူ (၂၅၀) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲ၌ သဘာ၀ ဘေးအန္တရာယ်နှင်‌့ပတ်သက်၍ ရင်ဆိုင်ကြုံ‌တွေ့ပါက ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်‌‌ဆောင်ရွက်ကာကွယ်တတ်ရန်အတွက် လက်‌‌တွေ့သရုပ်‌ပြဆွေး‌နွေးခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်‌းစာ‌စောင်နှင်‌့ ဗီနိုင်‌းပိုစတာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:         ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more

  • ကျောင်းတွင်းအခြေပြု သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လူမှုဖွံ့ဖြိုးတိုးတက်အသင်‌း (CDA) နှင်‌့ ပူး‌ပေါင်‌း၍ (၁၈-၉-၂၀၁၈) ရက်‌‌နေ့တွင် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့၊ အ‌ရှေ့ဖျားကျေးရွာအုပ်စု၊ အ‌ရှေ့ဖျားအထက်တန်‌းကျောင်‌း၌ ကျောင်‌းတွင်‌းအ‌ခြေပြု သဘာဝ‌ဘေး‌လျော့ပါး‌ရေး အသိပညာ‌ပေး‌‌ဟော‌ပြောပွဲကျင်းပခဲ့ရာ ကျောင်‌းသား/သူ (၃၀၀) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲ၌ သဘာဝ‌ဘေးအန္တရာယ်နှင်‌့ပတ်သက်၍ ရင်ဆိုင်ကြုံ‌တွေ့ပါက ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်‌‌ဆောင်ရွက် ကာကွယ်တတ်ရန် အတွက် လက်‌‌တွေ့သရုပ်‌ပြဆွေး‌နွေးခြင်းများဆောင်ရွက်ခဲ့ပြီး ကျောင်‌းအုပ်ဆရာမကြီးအား လက်ကမ်‌းစာ‌စောင်နှင်‌့ ဗီနိုင်‌းပိုစတာများ ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source:         ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_sep2018

  • ရပ်စောက်မြို့၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရပ်စောက်မြို့၊ အ.ထ.က (၁) ကျောင်း၌  (၁၉-၉-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် သဘာဝဘေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ (၆၀၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးဆိုင်ရာအသိပညာပေး ဗီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်များပေးဝေခြင်းနှင့် ငလျင်ဘေးဆိုင်ရာနံရံကပ်ပိုစတာများ ပေးအပ်ခြ င်းများ ဆောင်ရွက်ခဲ့ ပါကြောင်းသတင်းရရှိပါသည်။ Source:         ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2018

Sign Up

Upcoming Events