လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ (၁၉-၉-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် “သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်း အမှတ်စဉ် (၂/၂၀၁၈) “သင်တန်းဖွင့်ပွဲအခမ်းအနား အားကျင်းပပြုလုပ်ခဲ့ရာ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရွှေတောင်မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှှု ကော်မတီအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများ နှင့် သင်တန်းသား/သူ စုစုပေါင်း (၆၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၉-၉-၂၀၁၈) ရက်နေ့မှ (၂၁- ၉-၂၀၁၈) ရက်နေ့အထိဖြစ်ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#bgo_sep2018