ကျောင်းတွင်းအခြေပြု သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း

19 Pic _04 19 Pic _05 19 Pic _06လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လူမှုဖွံ့ဖြိုးတိုးတက်အသင်‌း (CDA) နှင်‌့ ပူး‌ပေါင်‌း၍ (၁၈-၉-၂၀၁၈) ရက်‌‌နေ့တွင် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့၊ ဆိပ်မ‌ကျေးရွာအုပ်စု၊ ဆိပ်မ‌ကျေးရွာ သာဓုမာတနိ ဘုန်‌း‌တော်ကြီး‌ကျောင်‌းသင် အလယ်တန်‌း‌ကျောင်‌း၌ ‌‌‌ကျောင်‌းတွင်‌းအ‌ခြေပြု သဘာဝ‌ဘေး‌လျော့ပါး‌ရေး အသိပညာ‌ပေး ‌‌ဟော‌ပြောပွဲကျင်းပခဲ့ရာ ကျောင်‌းသား/သူ (၂၅၀) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲ၌ သဘာ၀ ဘေးအန္တရာယ်နှင်‌့ပတ်သက်၍ ရင်ဆိုင်ကြုံ‌တွေ့ပါက ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်‌‌ဆောင်ရွက်ကာကွယ်တတ်ရန်အတွက် လက်‌‌တွေ့သရုပ်‌ပြဆွေး‌နွေးခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်‌းစာ‌စောင်နှင်‌့ ဗီနိုင်‌းပိုစတာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:         ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar

#ayy_sep2018

Sign Up

Upcoming Events