လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လူမှုဖွံ့ဖြိုးတိုးတက်အသင်း (CDA) နှင့် ပူးပေါင်း၍ (၁၈-၉-၂၀၁၈) ရက်နေ့တွင် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့၊ အရှေ့ဖျားကျေးရွာအုပ်စု၊ အရှေ့ဖျားအထက်တန်းကျောင်း၌ ကျောင်းတွင်းအခြေပြု သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ ကျောင်းသား/သူ (၃၀၀) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲ၌ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ရင်ဆိုင်ကြုံတွေ့ပါက ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်ဆောင်ရွက် ကာကွယ်တတ်ရန် အတွက် လက်တွေ့သရုပ်ပြဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးအား လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများ ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#ayy_sep2018