Author Archives: Department of Disaster Management

  • သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂၂.၉.၂၀၁၈) ရက်နေ့၊ မနက် (၁၀:၀၀) နာရီချိန်တွင် ဟင်္သာတမြို့နယ်၊ လိပ်ချောင်းအုပ်စု၊ နဘဲကုန်ကျေးရွာ၌ သဘာဝဘေး လျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ လိပ်ချောင်းအုပ်စုနှင့် သမ္ဘာတိုင်းအုပ်စု မှ စုစုပေါင်းလူဦးရေ (၁၀၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင် (၈) မျိုးဝေငှခဲ့ခြင်းနှင့် ကျေးရွာရှိလူစည်ကား ရာနေရာများ၌ အများပြည်သူများ ကြည့်ရှုနိုင်ရန် သဘာဝဘေးအသိပညာပေးဗွီနိုင်းပိုစတာများကို ကျေးရွာအုပ် ချုပ်ရေးမှူးထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar … Read more

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆိုင်းဘုတ်စိုက်ထူမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၁၈) ရက် နေ့တွင် မုံရွာမြို့၊ ဘူတာရုံရှေ့၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ် စိုက်ထူခဲ့ ကြောင်းသတင်းရရှိပါသည်။Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး( ဘစမ) # ar-eqk #sgg-sep 2018  

  • လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ဦးမြို့နယ်၊ ဆင်အိုးကျေးရွာအုပ်စု၊ ချောင်းသစ်ကျေးရွာတွင် (၂၀ – ၉ – ၂၀၁၈)ရက်နေ့၌ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲဖိမိ၍ လုံးဝပျက်စီးသွားသော နေအိမ် (ဓနိမိုး/ထရံကာ) (၁)လုံး၊ အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးနှင့် လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၂)ပြည် (၂) ဗူး တို့အား (၂၂-၉-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၁-၉-၂၀၁၈) ရက်နေ့တွင် တောင်ကြီးမြို့၊ အလက(၁၄)ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား /သူ စုစုပေါင်း (၂၀၀)ဦးတက်ရောက်ခဲ့ပြီး သဘာဝဘေးဆိုင်ရာ အသိပညာပေးဗီဒီယိုပြသခြင်းနှင့် လက်ကမ်းစာစောင်များ ပေးဝေခြင်းများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။ #ar #shn_Sep2018 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအသိပညာများဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ နေပြည်တော်တိုင်း ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၂၁-၉-၂၀၁၈) ရက်နေ့တွင် (၁၄:၀၀) မှ (၁၅:၃၀) နာရီအချိန်ထိ ပုဗ္ဗသီရိမြို့နယ် အထက(၂၀)တွင် ကျောင်းသား/သူများနှင့် ကျေးရွာသူ/ သားများ စုစုပေါင်း (၃၀၀)ဦးတို့အား ပုဗ္ဗသီရိမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှု အဖွဲ့ဝင်များနှင့်ပူးပေါင်း၍သဘာဝဘေး အသိပညာများဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်၊၊ #ar #npw_Sep2018 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ခြင်းနှင့် ပြည်နယ်လွှတ်တော်တွင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု များ ဆွေးနွေး

    စက်တင်ဘာ ၂၁၊ စစ်တွေ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တမခန်းမတွင်ကျင်းပသော မသန်စွမ်းသူများအား ထောက်ပံ့ခြင်း အခမ်းအနားသို့တက်ရောက်ခြင်းနှင့် မောင်တောမြို့နယ်တွင် တိုင်းရင်းသားများအတွက် နေအိမ်များ ဆောက်လုပ်ရန်အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။ မသန်စွမ်းသူများအားထောက်ပံ့ခြင်းအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက မိမိတို့ အစိုးရတာဝန်များ စတင်ထမ်းဆောင်ချိန်မှစ၍ တရားဥပဒေစိုးမိုးရေနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးတို့ကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ဒေသခံတိုင်းရင်းသားများအပါအဝင် ပြည်သူများအားလုံး လိုလားသောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာစေရေးကို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မသန်စွမ်းများ ကိုယ်တိုင်ပါဝင်ရေးဆွဲထားသော … Read more

  • ကျောင်‌းတွင်‌းအ‌ခြေပြု သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ဇင်‌း‌ဘောင်‌‌ကျေးရွာအုပ်‌စု၊ ငှက်‌က‌လေးကွင်‌း မူလတန်း (လွန်) ကျောင်‌း၌ (၂၁-၉-၂၀၁၈) ရက်နေ့၊ နံနက် (၁၀) နာရီမှ (၁၂) နာရီအချိန်ထိ လူမှုဖွံ့ဖြိုးတိုးတက်‌‌ရေး အသင်‌းနှင်‌့ ပူး‌ပေါင်‌း၍ ကျောင်‌းတွင်‌းအ‌ခြေပြု သဘာဝ‌ဘေး‌လျော့ပါး‌ရေး ဆွေး‌နွေး‌ဟော‌ပြောပွဲကျင်‌းပခဲ့ရာ က‌လေးသူငယ် အခွင်‌့အ‌ရေးများနှင်‌့ပတ်‌သက်၍ လူမှုဖွံ့ဖြိုးတိုးတက်‌‌ရေးအသင်‌းမှ တာဝန်‌ရှိသူတစ်ဦးက ဟော‌ပြော ဆွေး‌နွေးခဲ့ပြီး ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဖျာပုံခရိုင်‌အတွင်‌း ဘေးဖြစ်‌နိုင်‌‌ခြေအများဆုံး အမျိုး အစားဖြစ်‌သည်‌့ မုန်‌တိုင်‌း‌ဘေး၊ ဆူနာမီ‌ဘေး၊ မီး‌ဘေး၊ … Read more

  • ကျောင်‌းတွင်‌းအ‌ခြေပြု သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ကျုံးကဒွန်‌းအထက်တန်‌း‌ကျောင်‌း၌ (၂၀-၉-၂၀၁၈) ရက်နေ့၊ နံနက် (၁၀) နာရီမှ (၁၂) နာရီအချိန်ထိ လူမှုဖွံ့ဖြိုးတိုးတက်‌‌ရေးအသင်‌းနှင်‌့ ပူး‌ပေါင်‌း၍ ကျောင်‌းတွင်‌း အ‌ခြေပြု သဘာဝ‌ဘေး‌လျော့ပါး‌ရေး ဆွေး‌နွေး‌ဟော‌ပြောပွဲကျင်‌းပခဲ့ရာ က‌လေးသူငယ် အခွင်‌့အ‌ရေးများနှင်‌့ပတ်သက်၍ လူမှုဖွံ့ဖြိုးတိုးတက်‌‌ရေးအသင်‌းမှတာဝန်ရှိသူတစ်ဦးက ဟော‌ပြော‌ဆွေး‌နွေးခဲ့ပြီး ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဖျာပုံခရိုင်အတွင်‌း ဘေးဖြစ်နိုင်‌‌ခြေအများဆုံး အမျိုးအစားဖြစ်သည်‌့ မုန်တိုင်‌း‌ဘေး၊ ဆူနာမီ‌ဘေး၊ မီး‌ဘေး၊ ရေ‌ဘေး၊ မိုးကြိုးပစ်‌‌ဘေးတို့နှင်‌့ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များနှင့် အဆိုပါဘေးများကြုံတွေ့လာပါက ရင်ဆိုင်တုံ့ပြန်နိုင်ရန် … Read more

  • ရပ်စောက်မြို့၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရပ်စောက်မြို့၊ အ.ထ.က (၂) ကျောင်း၌ (၁၉-၉-၂၀၁၈) ရက်နေ့ တွင် သဘာဝဘေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား /သူ (၃၀၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေး ဆိုင်ရာအသိပညာပေး ဗီဒီယိုပြသခြင်း၊ လက်ကမ်း စာစောင်များ ပေးဝေခြင်းနှင့် ငလျင်ဘေးဆိုင်ရာ နံရံကပ်ပိုစတာများပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:         ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2018

Sign Up

Upcoming Events