ရပ်စောက်မြို့၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

21 Pic_02 21 Pic_03လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရပ်စောက်မြို့၊ အ.ထ.က (၂) ကျောင်း၌ (၁၉-၉-၂၀၁၈) ရက်နေ့ တွင် သဘာဝဘေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား /သူ (၃၀၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေး ဆိုင်ရာအသိပညာပေး ဗီဒီယိုပြသခြင်း၊ လက်ကမ်း စာစောင်များ ပေးဝေခြင်းနှင့် ငလျင်ဘေးဆိုင်ရာ နံရံကပ်ပိုစတာများပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:         ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

#ar

#shn_sep2018

Sign Up

Upcoming Events