သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂၂.၉.၂၀၁၈) ရက်နေ့၊ မနက် (၁၀:၀၀) နာရီချိန်တွင် ဟင်္သာတမြို့နယ်၊ လိပ်ချောင်းအုပ်စု၊ နဘဲကုန်ကျေးရွာ၌ သဘာဝဘေး လျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ လိပ်ချောင်းအုပ်စုနှင့် သမ္ဘာတိုင်းအုပ်စု မှ စုစုပေါင်းလူဦးရေ (၁၀၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင် (၈) မျိုးဝေငှခဲ့ခြင်းနှင့် ကျေးရွာရှိလူစည်ကား ရာနေရာများ၌ အများပြည်သူများ ကြည့်ရှုနိုင်ရန် သဘာဝဘေးအသိပညာပေးဗွီနိုင်းပိုစတာများကို ကျေးရွာအုပ် ချုပ်ရေးမှူးထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#ayy-sep 2018Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events