Author Archives: Department of Disaster Management

  • မီးဘေးနှင့် ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်အတွင်း (၅.၁၁.၂၀၁၈) ရက်နေ့တွင် ညောင်ပင်သာအုပ်စု ရေပေါက်ကြီးကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းကြရသော အိမ်ခြေ(၁) လုံးအတွက် အိမ်ဆောက်ပစ္စည်း (၁၀၀၀၀၀ိ/-) ဘေးသင့်လူဦးရေ(၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ( ၁၀၅၀၀ိ/-)စုစုပေါင်းရန်ပုံငွေ(၁၁၀၅၀၀ိ/-) ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၁)အိမ်ထောင်စာ( တန်ဖိုး-၁၈၅၁၀ိ/-) စုစုပေါင်း ထောက်ပံ့မှုတန်ဖိုး(၁၂၉၀၁၀ိ/-) ကိုလည်းကောင်း, (၈.၁၁.၂၀၁၈) ရက်နေ့တွင် သက္ကယ်ကျွန်းအုပ်စု ဝါးပတောကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့်လုံးဝလောင်ကျွမ်းပျက်စီးခဲ့သော အိမ်ခြေ(သစ်အိမ်)(၁) လုံးအတွက် အိမ်ဆောက်ပစ္စည်း (၂၀၀၀၀၀ိ/-) ဘေးသင့်လူဦးရေ(၂) … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၁-၂၀၁၈) ရက်နေ့တွင် (၁၃း၃၀) အချိန်တွင် ကောင်းဟိန်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်း (၂၃၈) ဦးအား သဘာဝဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများအား ဆွေးနွေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိပါသည်။   #ar #sgg_Nov2018 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် စင်္ကာပူနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

    (၉.၁၁.၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် စင်္ကာပူနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခန်းမ ဆောင်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် စင်္ကာပူနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Dr. Vivian Balakrishnan တို့တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ်ရခိုင်ပြည်နယ်တွင် ဆောင်ရွက်နေသောနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆောင်ရွက်မည့်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ASEAN Coordinating Centre for Humanitarian Assistance on Disaster Management(AHACentre)နှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်မည့်ကိစ္စရပ်များကိုရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။ #hl1 #Singapore_Nov2018 Source … Read more

  • သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ တီတွတ်ပြင်ကျေးရွာ၊ (အ.ထ.က) (ခွဲ) တီတွတ်ပြင်၌ (၉-၁၁-၂၀၁၈) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောခြင်းများဆောင်ရွက်ခဲ့ရာ ကျောင်းသား /သူ (၂၀၀) ဦးတက်ရောက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source:         တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #tny_nov2018

  • ငလျင်ဘေးပညာပေးပိုစတာများ လွှဲပြောင်းပေးအပ်ခြင်းသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၁-၂၀၁၈) ရက်နေ့တွင် ကန့်ဘလူမြို့နယ်ရှိ ကျောင်းသား/ကျောင်းသူများအား ငလျင်ဘေးအန္တရာယ်နှင့်ပတ်သတ်၍ ဆောင်ရန် ရှောင်ရန်များသိရှိစေရန် ကန့်ဘလူမြို့နယ်ကျောင်းများ၌ကပ်ရန်အတွက် ငလျင်ဘေးပညာပေးပိုစတာ (၁၂၅) စောင်အား ကန့်ဘလူမြို့နယ် လက်ထောက်မြို့နယ်ပညာရေးမှူးထံသို့လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #sgg_nov2018  

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မရမ်းကုန်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ပေါ်တော်မူ ဓမ္မာရုံ၌ (၉-၁၁-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာ ပေးခြင်း၊ သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ရာ ပြည်သူလူထု (၁၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေး အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:         ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar_eqk #ygn_nov2018  

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာကပ်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွ က်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၁-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် လူစည်ကားရာနေရာ များဖြစ်သော မော်လိုက်မြို့၊ စည်ပင်သာယာဈေးအတွင်း၊ လက်ဖက်ရည်ဆိုင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ရှေ့တို၌ ငလျှင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာကပ်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source:         မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_eqk #mon_nov2018

  • သဘာဝဘေး အသိပညာပေးဟောပြောပွဲနှင့် ငလျင်သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ မလော့ကျေးရွာအုပ်စု၊ (အ.ထ.က) (ပေချောင်းကြီး) အခြေခံပညာအထက်တန်းကျောင်း၌ (၈-၁၁-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၃း၀၀) နာရီအချိန်တွင် သဘာဝဘေး အသိပညာပေးဟောပြောပွဲနှင့် ငလျင်သရုပ်ပြလေ့ကျင့်ခြင်းများဆောင်ရွက်ခဲ့ရာ အဆိုပါအခမ်း အနားကို တစ်ကျောင်းလုံး အတိုင်းအတာဖြင့် ကျင်းပဆောင်ရွက်ခဲ့ပြီး အခမ်းအနား၌ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာရပ်မိ/ရပ်ဖများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/မများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့များ၊ ကျောင်းသား/သူ စုစုပေါင်း အင်အား (၈၀၀) ဦးခန့် … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၁၁-၂၀၁၈) ရက်နေ့တွင် ချောင်းဆုံ မြို့နယ်၊ တောင်စွန်းကျေးရွာအုပ်စု၊ မုနိုင်းကျေးရွာရှိ သွပ်မိုးအုတ်ညှပ် (၂) ထပ်နေအိမ်၌ လျှပ်စစ်မီးသုံးစွဲမှု များပြားရာမှ အပူလွန်ကဲ၍ မီးဘေးသင့်မှုဖြစ်ပွားခဲ့ရာ  အဆိုပါမီးဘေးသင့်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် မီးဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး ဘေးသင့်လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀၅၀၀) ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂၀၀၀၀၀) ကျပ်၊ FamilyKit (၁) … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆.၁၁.၂၀၁၈) ရက်နေ့၊ (၁၁:၀၀) နာရီ အချိန်တွင် မော်လမြိုင်မြို့နယ်၊ ကတိုးကျေးရွာ၌ကျေးရွာနေပြည်သူ (၁၅၀) ဦးအား သဘာဝဘေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ #ar #mon_nov2018 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events