သဘာဝဘေး အသိပညာပေးဟောပြောပွဲနှင့် ငလျင်သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း

9 Pic_01 9 Pic_02 9 Pic_03လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ မလော့ကျေးရွာအုပ်စု၊ (အ.ထ.က) (ပေချောင်းကြီး) အခြေခံပညာအထက်တန်းကျောင်း၌ (၈-၁၁-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၃း၀၀) နာရီအချိန်တွင် သဘာဝဘေး အသိပညာပေးဟောပြောပွဲနှင့် ငလျင်သရုပ်ပြလေ့ကျင့်ခြင်းများဆောင်ရွက်ခဲ့ရာ အဆိုပါအခမ်း အနားကို တစ်ကျောင်းလုံး အတိုင်းအတာဖြင့် ကျင်းပဆောင်ရွက်ခဲ့ပြီး အခမ်းအနား၌ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာရပ်မိ/ရပ်ဖများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/မများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့များ၊ ကျောင်းသား/သူ စုစုပေါင်း အင်အား (၈၀၀) ဦးခန့် တက်ရောက်ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:         ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar

#simex_eqk

#ayy_nov2018

Sign Up

Upcoming Events