မီးဘေးထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၁၁-၂၀၁၈) ရက်နေ့တွင် ချောင်းဆုံ မြို့နယ်၊ တောင်စွန်းကျေးရွာအုပ်စု၊ မုနိုင်းကျေးရွာရှိ သွပ်မိုးအုတ်ညှပ် (၂) ထပ်နေအိမ်၌ လျှပ်စစ်မီးသုံးစွဲမှု များပြားရာမှ အပူလွန်ကဲ၍ မီးဘေးသင့်မှုဖြစ်ပွားခဲ့ရာ  အဆိုပါမီးဘေးသင့်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် မီးဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး ဘေးသင့်လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀၅၀၀) ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂၀၀၀၀၀) ကျပ်၊ FamilyKit (၁) ထုတ်နှင့် ပလပ်စတစ်ရေပုံး (၂) ပုံးအား (၇.၁၁.၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

# ha_fir

#mon_nov2018 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events