
(၉.၁၁.၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် စင်္ကာပူနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခန်းမ ဆောင်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် စင်္ကာပူနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Dr. Vivian Balakrishnan တို့တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ်ရခိုင်ပြည်နယ်တွင် ဆောင်ရွက်နေသောနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆောင်ရွက်မည့်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ASEAN Coordinating Centre for Humanitarian Assistance on Disaster Management(AHACentre)နှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်မည့်ကိစ္စရပ်များကိုရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။
#hl1
#Singapore_Nov2018
Source – MSWRR
နေပြည်တော်၊ ၉.၁၁.၂၀၁၈