မီးဘေးနှင့် ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း

10 Pic_01
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်အတွင်း
(၅.၁၁.၂၀၁၈) ရက်နေ့တွင် ညောင်ပင်သာအုပ်စု ရေပေါက်ကြီးကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းကြရသော အိမ်ခြေ(၁) လုံးအတွက် အိမ်ဆောက်ပစ္စည်း (၁၀၀၀၀၀ိ/-) ဘေးသင့်လူဦးရေ(၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ( ၁၀၅၀၀ိ/-)စုစုပေါင်းရန်ပုံငွေ(၁၁၀၅၀၀ိ/-) ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၁)အိမ်ထောင်စာ( တန်ဖိုး-၁၈၅၁၀ိ/-) စုစုပေါင်း ထောက်ပံ့မှုတန်ဖိုး(၁၂၉၀၁၀ိ/-) ကိုလည်းကောင်း,
(၈.၁၁.၂၀၁၈) ရက်နေ့တွင် သက္ကယ်ကျွန်းအုပ်စု ဝါးပတောကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့်လုံးဝလောင်ကျွမ်းပျက်စီးခဲ့သော အိမ်ခြေ(သစ်အိမ်)(၁) လုံးအတွက် အိမ်ဆောက်ပစ္စည်း (၂၀၀၀၀၀ိ/-) ဘေးသင့်လူဦးရေ(၂) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ( ၄၂၀၀ိ/-)စုစုပေါင်းရန်ပုံငွေ(၂၀၄၂၀၀ိ/-) ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၁)အိမ်ထောင်စာ( တန်ဖိုး-၃၂၃၅၃ိ-) စုစုပေါင်း ထောက်ပံ့မှုတန်ဖိုး(၂၃၆၅၅၃ိ/-) ကိုလည်းကောင်း,
ဇလွန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ (၉.၁၁.၂၀၁၈) ရက်နေ့တွင် ဘေးဖြစ်ပွားရာဒေသသို့သွားရောက်၍ ကမ်းပြိုဘေးနှင့် မီးဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

 

#ha_fir
#ha_rbe
#ayy_Nov2018

Source – ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events