Author Archives: Department of Disaster Management

  • အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၁-၂၀၁၈) ရက်နေ့တွင် ပြည်သူလူထုအား ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာများ တိုးပွားစေရန်ရည်ရွယ်၍ ငလျင်အသိပညာပေးပိုစတာများအား ကားဂိတ်များ၊ မီးသတ်ရုံး/ပြန်ဆက်ရုံးနှင့်စာသင်ကျောင်းများတွင် သွားရောက်ကပ်ပေးခဲ့ကြောင်း သတင်ရရှိပါသည်။ #ar #sgg_Nov2018 Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)  

  • နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီဆွေးနွေးပွဲ ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်

    နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ ကိစ္စရပ်များ ညှိနှိုင်းဆောင်ရွက်ရေးအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပြန်လည်နေရာချထားရေးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာသွားသည့် ရခိုင်ဒေသ၌နေခဲ့သည့် သူများအားစိစစ်၍ပြန်လည်လက်ခံရန် စီစဉ်နေခြင်းဖြစ်ပါကြောင်း၊ စိစစ်ခြင်းလုပ်ငန်းများကိုဥပဒေ၊စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ရန်ဖြစ်ပြီး နှစ်နိုင်ငံသဘောတူညီစာချုပ်အတိုင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ နှစ်နိုင်ငံသဘောတူစာချုပ်အရသဘောတူလက်မှတ်ထိုးသည့်နေ့မှ (၂)လအတွင်းစတင်လက်ခံရန် အသင့်ဖြစ်ပါကြောင်း၊ ပြန်လည်လက်ခံရန်အတွက် ယုံကြည်မှုရှိရန်နှင့် ပွင့်ပွင့်လင်းလင်းရှိရန် လိုအပ်ပါကြောင်း၊ UNHCR/ UNDPနှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းသည် ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးကိစ္စများကိုပံ့ပိုးကူညီနိုင်ရန်ဖြစ်ပါကြောင်း၊ ပထမအသုတ်အနေဖြင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သဘောတူညီချက်အရ (၂၂၅၁)ဦးကို ပြန်လည်လက်ခံမည် ဖြစ်ပါကြောင်း၊ မလွှဲမသွေဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ဖြစ်၍အောင်မြင်စွာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ … Read more

  • မိုးအဆက်မပြတ်ရွာသွန်း၍ ကွိုင်ငံရေထွက်ပေါက်မှ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ခြင်းကြောင့် ပြောင်းရွှေ့ပြည် သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၀-၂၁၀၈) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်း၍ ကွိုင်ငံရေထွက်ပေါက်မှ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ခြင်းကြောင့် ဒီးမော့ဆိုမြို့နယ်၊ နောင်ပုလဲကျေးရွာအုပ်စု၊ (၄) မိုင်ကုန်းကျေးရွာရှိ နေအိမ်များအတွင်းသို့ ရေများဝင်ရောက်ခဲ့ပြီး ဘေးသင့်ခဲ့ရာ အဆိုပါ ဘေးသင့်ပြောင်းရွှေ့ အိမ်ထောင်စု (၁၅) စုမှ လူဦးရေ (၇၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၅၅,၄၀ဝ/-) ကျပ်အား (၉-၁၁-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:         ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fld … Read more

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာကပ်ခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၁-၂၀၁၈) ရက်နေ့တွင် ပြည်သူလူထုအား ငလျင်ဘေး အန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာများ တိုးပွားစေရန်ရည်ရွယ်၍ ကားဂိတ်များ၊ မီးသတ်ရုံး/ပြန်ဆက်ရုံးနှင့် စာသင်ကျောင်းတို့၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ပိုစတာကပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:         ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar_eqk #sgg_nov2018

  • မြစ်ကြီးနားမြို့နယ်အတွင်း ယာယီတိမ်းရှောင်စခန်းများရှိ ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်၊ ဧပြီလအတွင်း ဖြစ်ပေါ်ခဲ့သော နယ်မြေဒေသအခြေအနေအရ အင်ဂျန်းယန်မြို့နယ်၊ အင်ဝိုင်းကောင်ကျေးရွာအုပ်စုရှိ အင်ဝိုင်းကောင်ကျေးရွာနှင့် အင်လောက်ယန်ကျေးရွာများရှိ ဒေသခံပြည်သူများသည် မိမိတို့အိုး အိမ်၊ လယ်၊ ယာများအား စွန့်ခွာ၍ မြစ်ကြီးနားမြို့နယ်ယာယီတိမ်းရှောင်စခန်းများသို့ ရောက်ရှိနေထိုင်ခဲ့ရပြီး၊ ၂၀၁၈ခုနှစ် မေလကုန်ပိုင်းမှစတင်၍ နယ်မြေဒေသတည် ငြိမ်အေးချမ်း၍ နေရပ်ဒေသသို့ ပြန်လည်ပြောင်းရွှေ့ခဲ့ရသဖြင့် မူလအလုပ်အကိုင်အခွင့်အလမ်း ပိုင်ဆိုင်မှုများအထိုက်အလျောက်ဆုံးရှုံးမှုများဖြစ်ပေါ်၍ လက်ရှိတွင်အခက်အခဲများ ကြုံတွေ့နေရသော ဒေသခံပြည်သူ အိမ်ထောင်(၉၀)၊ လူဦးရေ(၅၇၄)ဦးတို့အတွက် ဆန်၊ ဆီ၊ … Read more

  • ကမ်းပြိုဘေးကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ စစ်ကုန်းအုပ်စု၊ သဒ္ဒမ္မကျွန်းကျေးရွာ၊ ကျွန်းကြီးကျေးရွာတို့၌ (၆-၁၁-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် အိမ်ခြေ (၂၇) လုံး၊ အိမ်ထောင်စု (၂၇) စုမှ လူဦးရေ (၁၀၀) ဦးတို့ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် (၁၈,၅၁၀/-) ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂၇) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂,၇၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၁၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၉၁၀,၀၀၀/-) … Read more

  • သဘာဝဘေးလျော့ပါးရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပနေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့၊ လွယ်ဆိုင်ခန်းမတွင် မြို့နယ်အဆင့် သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲအား (၉.၁၀.၂၀၁၈) ရက်နေ့ (၁၃း၀၀) အချိန်မှ (၁၆း၀၀) ချိန်အထိကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများ၊ မြို့မိမြျို့ဖများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ စုစုပေါင်း (၅၄) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #shn_Nov2018 Source:ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိ ပညာပေး ဟောပြောခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ (၁၀-၁၁-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင်  ပြည်သူလူထု (၁၀၀) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်း၊ သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍အသိပညာ ပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေး အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:         ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar_eqk #ygn_nov2018  

  • အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၁-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူများ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာဗဟုသုတများ ပိုမိုပြည့်ဝစေရန် ကလေးမြို့တမူးကားလေးကွင်း/ကားကြီးကွင်း/ရိခေါဒါကားလေးကွင်းတို့အပြင်မြို့မဈေး/တာဟန်းဈေးတို့၌ ငလျင်နှင့် မီးဘေး ပိုစတာကပ်ခြင်း၊ စိုက်ထူခြင်းနှင့် ခရီးသွားပြည်သူများထံ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။   #ar #sgg_Nov2018 Source:ကလေးခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်နေမှုသတင်း

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးနှင့် ဘီးလင်းမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း၍ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းအား (၈-၁၁-၂၀၁၈)ရက်နေ့နှင့် (၉-၁၁-၂၀၁၈)ရက်နေ့များတွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘိုးရာဇာရပ်ကွက်၌ ပြည်သူလူထု (၄၀၀) ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။   #simex #mon_Nov2018 Source – သထုံခရိုင်ဦးစီးမှူးရုံး

Sign Up

Upcoming Events