Author Archives: Department of Disaster Management
-
ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၁၁-၂၀၁၈)နေ့ (၁၀၀၀)နာရီအချိန်မှ (၁၁၀၀)နာရီအချိန်ထိ ချောင်းဆုံမြို့၊ ဟင်္သာကျွန်းကျေးရွာခန်းမတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျေးရွာနေပြည်သူ လူဦးရေ(၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများအား သဘာဝဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။
-
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှ တာဝန်ရှိသူများသည် (၁၅-၁၁-၂၀၁၈)ရက်နေ့တွင် ကဝမြို့နယ်၊ အုန်းနှဲကျေးရွာ၊ အမှတ် ၁၁ ရပ်ကွက်၌ မီးကြွင်းမီးကျန်မှ မီးလောင်မှုဖြစ်ပွားခဲ့သော နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀)ကျပ်၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၀,၅၀၀)ကျပ်၊ စုစုပေါင်း(၁၁၀၅၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၂၀)မျိုး(တစ်အိမ်ထောင်စာ) တန်ဖိုးငွေကျပ် (၄၃,၇၁၆) နှင့် family kits (၁)ပုံး တို့အား (၁၆-၁၁-၂၀၁၈)ရက်နေ့ ညနေ (၄:၀၀)အချိန်က ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်ရှိ ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ဂုံမင်းဆိပ်ကျေးရွာအုပ်စု၊ အပြင်ဝဲဒေါင့် ကျေးရွာ၌ (၉-၁၁-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၂၀) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ထောင်စု (၁) စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၂,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၄၂,၀၀၀/-) ကျပ်အား (၁၃-၁၁-၂၀၁၈) … Read more
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်ရှိ ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဓနုဖြူမြို့နယ်၊ ဆကာကြီးကျေးရွာအုပ်စု၊ အမှတ် (၈) ရပ်ကွက်၌ (၉-၁၁-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စု လူဦးရေ (၂၀) ဦးတို့ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ထောင်စု (၁) စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၄၂,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၄၂,၀၀၀/-) … Read more
-
ဘားအံမြို့ရှိ ခေမာရာမသီလရှင်စာသင်တိုက်သို့ သွားရောက်ထောက်ပံ့လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘားအံမြို့၊ လှာကာကျေးရွာ၊ အမှတ် (၂) ဘီလပ်မြေစက်ရုံ အနီးရှိ ခေမာရာမသီလရှင်စာသင်တိုက်သို့ ဆန် (၁) တင်းခွဲ (၁၁) အိတ်၊ ဆီ (ဝ.၅) လီတာ (၃၀) ဗူး၊ ဆား (၁၀) ပိဿ (၁) အိတ်တို့ကို (၁၃-၁၁-၂၀၁၈) ရက်နေ့၊ နေ့လယ် (၂း၀၀) အချိန်တွင် သွားရောက် ထောက်ပံ့လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) … Read more
-
ဘားအံမြို့ရှိ သီလရှင်စာသင်တိုက်သို့ သွားရောက်ထောက်ပံ့လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘားအံမြို့၊ လှာကဒေါင်ကျေးရွာရှိ သုခဝတီသီလရှင် စာသင်တိုက်သို့ ဆန် (၁) တင်းခွဲ (၁၀) အိတ်၊ ဆီ (ဝ.၅) လီတာ (၂၇) ဗူး၊ ဆား (၁၀) ပိဿ (၂) အိတ်တို့ကို (၁၃- ၁၁-၂၀၁၈) ရက်နေ့၊ (၁၁း၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #otr #krn_nov2018
-
သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းဆတ်မြို့၊ (အ.လ.က) (ကာန) ကျောင်း၌ (၁၃-၁၁-၂၀၁၈) ရက်နေ့တွင် ကျောင်းသား/သူ (၂၀၀) ဦးအား သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_nov2018
-
ကချင်ပြည်နယ်ရှိ (IDPs) စခန်း (၁၂) ခုမှ ကျောင်းသား/သူများအား ပညာသင်ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၏ လမ်းညွှန်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီး မှူးရုံးမှ တာဝန် ရှိသူများသည် ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာဒေါ်ဂျေကော့ဘူ၊ လူမှုရေးဝန် ကြီး ဒေါက်တာသင်းလွင် တို့နှင့်အတူ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ (IDPs) စခန်း (၁၂) ခုမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်း နှင့် တက္ကသိုလ်ကျောင်းများ၌ တက်ရောက်နေကြသော ကျောင်းသား/သူ စုစုပေါင်း (၂၀၇၃) ဦးတို့အတွက် ပညာသင်ထောက်ပံ့ငွေ စုစုပေါင်း (၁၅,၃၄၃,၀၀၀/-) ကျပ်အား (၁၂-၁၁-၂၀၁၈) ရက်နေ့၊ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်ဂျန်းယန်မြို့နယ်၊ အင်ဝိုင်းကောင်ကျေးရွာအုပ်စု၊ အင်ဝိုင်းကောင်ကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ (၉-၁၁-၂၀၁၈) ရက်နေ့၊ (၁၂း၃၀) အချိန်တွင် ဒေသခံပြည်သူ (၈၀) ဦးအားလည်းကောင်း၊ အင်လောက်ယန်ကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ (၁၄း၃၀) အချိန်တွင် ဒေသခံပြည်သူ (၅၀) ဦးအားလည်းကောင်း ဒေသသုံး (ကချင်) ဘာသာစကားဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ ကချင်ဘာသာစကားဖြင့်ပုံနှိပ်ထားသော ငလျင်ဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) … Read more
-
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အသက်ကယ်အင်္ကျီ်များ ထောက်ပံ့ပေးနေမှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၁၁.၂၀၁၈) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ကသာမြို့နယ်နှင့် ရွှေဘိုမြို့နယ်ရှိစာသင်ကျောင်းများတွင် လှေ၊ စက်လှေများဖြင့် ကျောင်းတက်နေရသော ကျောင်းသား၊ကျောင်းသူများ ဘေးအန္တရာယ် ကာကွယ်ရေးအတွက် ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာအုပ်စု၊ စစ်ကုန်းကျေးရွာ၊ ဝေဆွယ်ကျေးရွာ၊ အထက်သဖန်းဒေါင့်ကျေးရွာ၊ အောက်သဖန်းဒေါင့် ကျေးရွာ၊ ဂွေ့ကြီးကျွန်း ကျေးရွာ၊ နွယ်နီကျေးရွာ၊ စုစုပေါင်းကျေးရွာ(၆)ရွာအတွက် အသက်ကယ်အင်္ကျီ(၁၂၀)ထည်နှင့် ရွှေဘိုမြို့၊ မအူကျေးရွာအတွက်အသက်ကယ် အင်္ကျီ(၁၀)ထည် စုစုပေါင်းအသက်ကယ်အင်္ကျီ (၁၃၀)ထည် နှင့် မီးဘေး၊ငလျင်ဘေး အသိပညာပေးပိုစတာများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #sgg_Nov2018 … Read more
