ကချင်ပြည်နယ်ရှိ (IDPs) စခန်း (၁၂) ခုမှ ကျောင်းသား/သူများအား ပညာသင်ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း

13 Pic_01 13 Pic_02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၏ လမ်းညွှန်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီး မှူးရုံးမှ တာဝန် ရှိသူများသည် ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာဒေါ်ဂျေကော့ဘူ၊ လူမှုရေးဝန် ကြီး ဒေါက်တာသင်းလွင် တို့နှင့်အတူ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ (IDPs) စခန်း (၁၂) ခုမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်း နှင့် တက္ကသိုလ်ကျောင်းများ၌ တက်ရောက်နေကြသော ကျောင်းသား/သူ စုစုပေါင်း (၂၀၇၃) ဦးတို့အတွက် ပညာသင်ထောက်ပံ့ငွေ စုစုပေါင်း (၁၅,၃၄၃,၀၀၀/-) ကျပ်အား (၁၂-၁၁-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်ခန့်တွင် စခန်း (၁၂) ၏တာဝန်ခံများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:         ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

#otr

#kcn_nov2018

Sign Up

Upcoming Events