Author Archives: Department of Disaster Management

  • ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်ရှိ ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဓနုဖြူမြို့နယ်၊ ဆာကာကြီးအုပ်စု၊ အမှတ် (၈) ရပ်ကွက်၌ (၁၇-၁၁-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၂၈) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ထောင်စု (၁) စုလျှင်ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၈,၈၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၅၈,၈၀၀/-) ကျပ်အား … Read more

  • ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ဖြူမြို့၊ တောင်ရင်းကွက်သစ်၊ ဗောဓိသိပ္ပံဘုန်းတော်ကြီးပညာသင်ကျောင်း၌ (၂၀-၁၁-၂၀၁၈) ရက်နေ့၊ (၁၄း၃၀) မှ (၁၅း၃၀) အချိန်အထိ  ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများ၊ ကျာင်းသူ/သားများ၊ စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်နေစဉ် တုံ့ပြန်ဆောင်ရွက်ရေး၊ ဘေးဖြစ်ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား ဟောပြောခဲ့ခြင်းနှင့် လက်ကမ်းစာစောင်များ၊ မုန့်များဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:         ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more

  • မိုးကြိုးဘေးကြောင့် ဘေးသင့်သေဆုံးသူ၏ မိသားစုအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်‌း‌ဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ သောကြာ‌ကျေးရွာအုပ်စု၊ ဂွေးကုန်‌း‌ကျေးရွာပင်လယ်‌‌သောင်၌ (၁၄-၁၀-၂၀၁၈) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် ဘေးသင့်သေဆုံးသူ ဦးဆန်‌းထွန်‌း (၅၂) နှစ်အတွက် ထောက်ပံ့‌ငွေ (၃၀၀,၀၀၀/-) ကျပ်ကို ၎င်း၏သားဖြစ်သူအား သက်ဆိုင်ရာတာဝန်ရှိသူများ၏ ရှေ့‌မှောက်၌ (၂၀-၁၁-၂၀၁၈) ရက်‌‌နေ့တွင် သွား‌ရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:         ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_tls #ayy_nov2018

  • မီးဘေးကြောင့် ဘေးသင့်နေအိမ်ရှိ ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောမြို့နယ်၊ ရွှေဇားကပ္ပကောင်းကျေးရွာအုပ်စု၊ ဂုံးနားကျေးရွာ၌ (၁၆-၁၁-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) မှ လူဦးရေ (၄) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး အိမ်ထောင်စု (၁) စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုး ထောက်ပံ့ငွေ (၈,၄၀၀/-) ကျပ်အား (၁၉-၁၁-၂၀၁၈) ရက်နေ့တွင် … Read more

  • ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဆိုလာမီးအိမ်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌတို့နှင့်အတူ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများ အတွက် AHA Centre မှ လှူဒါန်းထားသည့် ဆိုလာမီးအိမ် (၃,၀၀၀)လုံးအနက်မှ ဆိုလာမီးအိမ် (၁၀၀)လုံးအား မိုးညိုမြို့နယ်အတွင်းရှိ ရေဘေး သင့်ပြည်သူများအတွက် (၁၇-၁၁-၂၀၁၈)ရက်နေ့တွင် မိုးညိုမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ ဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂွမြို့နယ်၊ ဘဝင်ကျေးရွာအုပ်စု၊ ဘဝင်ကျေးရွာ၌ (၂၂-၁၀-၂၀၁၈)ရက်နေ့ က တောဆင်ရိုင်းများဝင်ရောက်ဖျက်ဆီးမှုကြောင့် ပျက်စီးလူနေတဲအိမ်(၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ်(၄၀၀,၀၀၀)အား (၁၇-၁၁-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၁-၂၀၁၈)ရက်နေ့ (၁၁၀၀)နာရီမှ (၁၂၀၀)နာရီအထိ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်၊ ဘုန်းတော်ကြီးပညာသင်ကျောင်း၌ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ဆွေးနွေးပွဲတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်/ရှောင်ရန်များဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းများပြုလုပ်ခဲ့ကြောင်းနှင့် အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမများ၊ ကျောင်းသူ/သားများနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းလူဦးရေ (၂၀၀) ကျော် တက်ရောက်ခဲ့ကြောင်း  သတင်းရရှိပါသည်။

  • ကယားပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၁-၂၀၁၈)ရက်နေ့ (၁၄၁၅)နာရီအချိန်မှ(၁၅၃၀)နာရီအထိ လွိုင်ကော်မြို့နယ်၊ အ.ထ.က(ပန်ကန်း)ကျောင်းရှိ ကျောင်းသား/ ကျောင်းသူ(၂၃၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပေးခဲ့ပြီး တက်ရောက်သူများအား လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events