Author Archives: Thu Thu Han
-
မြစ်ရေကြီးခြင်းသတိပေးချက်
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။ စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက် မြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်း ယင်း မြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။ အကြံပြုချက် သို့ဖြစ်ပါ၍ မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါတယ်။
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် တုန့်ပြန်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူငယ်ရေးရာမူဝါဒဆိုင်ရာ ကိစ္စများညှိနှိုင်းဆောင်ရွက်မှုသတင်း
သြဂုတ်လ ၊ ၃၁ ၊ ၂၀၁၉ ၊ ထားဝယ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် လူငယ်ရေးရာမူဝါဒဆိုင်ရာကိစ္စများကို ညှိနှိုင်းပူးပေါင်း ဆောင်ရွက် ပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြင့်မောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်တွေ့ဆုံ၍ ရေးဘေးသင့်ဒေသများ အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးမှုကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ပါသည်။ အစည်အဝေးတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးမှုအခြေအနေ၊ သဘာဝဘေးဖြစ်ပွားလာပါက … Read more
-
ဘေးသင့်ဒေသများရှိ ဘေးသင့်ပြည်သူများအတွက် ပြည်သူများကငွေများနှင့် ပစ္စည်းများကို လာရောက်လှူဒါန်း မှုသတင်း
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ မြန်မာနိုင်ငံအတွင်းရှိ သဘာဝဘေး အန္တရာယ်ကျရောက်ခံစားခဲ့ရသော ဒေသများအတွင်းရှိ ဘေးသင့်ပြည်သူများ အတွက် လှူဒါန်းငွေများနှင့် ပစ္စည်းများကို လက်ခံခဲ့ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခံစားခဲ့ရသော ဒေသများအတွင်းရှိ ဘေးသင့် ပြည်သူများအတွက် ကူညီထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် Myanmar Media 7 နှင့် အနုပညာရှင်များ စီစဉ်ကျင်းပသည့် ဘောလုံးပွဲနှင့် ဂီတဖျော်ဖြေပွဲ ရန်ပုံငွေမှ ငွေကျပ်သိန်း (၅၆၀)နှင့် … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၃၁-၈-၂၀၁၉)နေ့၊ နေ့လည် (၁၁:၀၀)မှ (၁၂:၃၀)အချိန်ထိ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်ပူးပေါင်း၍ မော်လိုက်မြို့နယ်၊ ပန်းသာကျေးရွာ အထက်တန်းကျောင်းတွင် ကျောင်းသား/သူ စုစုပေါင်း(၁၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_sep2019
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်အတွင်း (၃၀-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဇီးဖြူပင်ကျေးရွာအုပ်စုမှ ပြိုလဲနေအိမ်(၁)လုံး အမိုးလန်နေအိမ်(၁၂)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး ငွေ(၄၂၂၅၀၀/-)နှင့် လူဦးရေ (၆၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၃၈၆၀၀/-)အား လည်းကောင်း ကူးတို့ဆိပ်ကျေးရွာအုပ်စုမှ အမိုးလန်နေအိမ်(၂၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၈၅၀၀၀/-)နှင့် လူဦးရေ(၉၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၀၇၉၀၀/-)အားလည်းကောင်း စုစုပေါင်းထောက်ပံ့ငွေ (၁၃၅၄၀၀၀/-)အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင် နေပြည်တော်တိုင်းဘေးစီမံတိုင်း ဦးစီးမှူးနှင့်အဖွဲ့ဝင်များ ပျဉ်းမနားမြိုနယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ (၃၁.၈.၂၀၁၉)ရက်နေ့ (၁၅:၂၀)အချိန်တွင် ပြည်သူများလက်ဝယ်သို့သွားရောက် … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀.၈.၂၀၁၉)ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒီးမော့ဆိုကျေးရွာအုပ်စု၊ ဒေါငံခါး(၂)ကျေးရွာတွင် လေဘေးသင့်အိမ် (၁)အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀ )ကျပ်နှင့် ဆန်ရိက္ခာဖိုး(၁၄၇၀၀)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၁၀၄၇၀၀/-)ကို (၃၁.၈.၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဒီးမော့ဆို့မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #kyh_aug2019
-
တိုက်ပွဲရှောင်ပြည်သူများသို့ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဩဂုတ်လ (၃၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ် အတွင်းရောက်ရှိနေသော တိုက်ပွဲရှောင်စခန်း(၆)ခု၊ ရပ်ကွက်-၄ ခါနန်မူကြိုကျောင်း လူဦးရေ (၆၈)ဦး၊ ရပ်ကွက်-၂ မိဘမဲ့ဂေဟာ လူဦးရေ (၁၀၆) ဦး၊ ရပ်ကွက်-၈ တောင်တန်းဘုန်းတော်ကြီးကျောင်း လူဦးရေ (၁၈၉)ဦး၊ ရပ်ကွက်-၂ တအာင်းယဉ်ကျေးမှုခန်းမ လူဦးရေ (၃၅၃) ဦး၊ ခိုလုံဘုန်းတော်ကြီးကျောင်း လူဦးရေ (၅၀၄) ဦး၊ ကာလိုင်ဘုရားရှိခိုးကျောင်း (၂၂၉)ဦး၊ စုစုပေါင်းလူဦးရေ (၁၄၅၅)ဦးအတွက် … Read more
-
အာဆီယံ၏ ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာမှုအရ အကောင်အထည်ဖော်ရေး ပထမအကြိမ် နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေး ကျင်းပပြုလုပ်မှုသတင်း
ဩဂုတ် ၃၀၊ နေပြည်တော် တစ်ဘက်နိုင်ငံသို့ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံက ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ASEAN-ERAT အဖွဲ့၏ ကနဦးလိုအပ်ချက်ဆန်းစစ် လေ့လာမှုအစီရင်ခံစာအား ၂၀၁၉ခုနှစ်၊ ဧပြီလအတွင်း အတည်ပြုခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ အစီရင်ခံစာတွင် ပါဝင်သည့် အာဆီယံအနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍရပ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့၏ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ပြန်လည်လက်ခံရေး လုပ်ငန်းများနှင့်ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အခက်အခဲများစွာကြားမှ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် … Read more
-
တိုက်ပွဲရှောင်ပြည်သူများသို့ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲများကြောင်း (၂၆.၈.၂၀၁၉)ရက်တွင် စစ်တွေမြို့၊ ဗုဒ္ဓမော်ကျောင်းတိုက်သို့ ထပ်မံရောက်ရှိ ခိုလှုံလျက်ရှိသော တိုက်ပွဲရှောင် အိမ်ထောင်စု(၅)စု၊ လူဦးရေ(၂၃)ဦးအတွက် ဆန်ရိက္ခာ (၂)ပတ်စာ ဆန်(၃)အိတ်၊ (၈)ပြည်၊ (၄)ဘူးအား (၃၁.၈.၂၀၁၉)ရက်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #rke_aug2019
-
ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉) ရက်နေ့မှစ၍ ရေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေးမြစ်ရေလျှံမှုကြောင့် နေအိမ်မြောပါ ပြိုကျပျက်စီးဆုံးရှုံးခဲ့သော ရက်ကွက်(၆)ခု ကျေးရွာ (၆)ရွာမှ အိမ်ခြေ (၄၂၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၉,၅၀၀,၀၀၀/-) အား (၃၀-၈-၂၀၁၉) ရက်နေ့တွင် သွားရောက်ကူညီထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fld #mon_aug2019
