Author Archives: RRD
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည်(၅-၆-၂၀၁၆)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သော ဟင်္သာတခရိုင်သဘာဝဘေးကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ထောက်ပံ့ငွေပေးအပ်ပွဲသတင်း
၁၊၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ တာဝန်ရှိသူများနှင့်အတူ (၅-၆-၂၀၁၆)ရက်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတ ခရိုင်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သော ဟင်္သာတ ခရိုင်သဘာဝဘေးကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ထောက်ပံ့ငွေပေးအပ်ပွဲနှင့် လေဘေးသင့်ဒေသများအတွက် ကျောင်းသုံးစာအုပ်နှင့် စာရေး ကိရိယာပစ္စည်းများပေးအပ်ပွဲသို့ တက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးမှ ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ပြည်သူအားလုံးလွတ်လပ်လုံခြုံ စွာ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်မှန်းချက်ထားရှိပြီး ပြည်သူကိုဗဟိုပြု၍ ပြည်သူ့ဆန္ဒနှင့်အညီ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ပြင်ဆင်ရေးနှင့် … Read more
-
လယ်ဝေးမြို့နယ်၊ ကြောင်ရေကျေးရွာတွင် မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ တိုင်းဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် လယ်ဝေးမြို့နယ်၊ ကြောင်ရေကျေးရွာအုပ်စု၊ ကြောင်ရေကျေးရွာတွင် (၃-၆-၂၀၁၆)ရက်နေ့၌ဖြစ်ပွားသောမီးဘေး (၁)အိမ်ထောင်စာအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးကို (၅-၆-၂၀၁၆)ရက်နေ့က သွားရောက်ထောက်ပံ့ခဲ့ကြောင်းသိရှိရပါသည်။
-
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်တွင် လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ တာ၀န်ရှိသူများသည် မင်းဘူးမြို့နယ်၊ ကျေးရွာ (၄၅)ရွာတွင် (၁၅-၅-၂၀၁၆)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်နေအိမ် (၄၁၁)လုံး၊ ပြိုကျနေအိမ် (၂၉) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၉,၆၇၀,၀၀၀)အား လေဘေးသင့်ပြည်သူများအတွက် မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးထံသို့ (၅-၆-၂၀၁၆)ရက်နေ့ တွင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။
-
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ တာ၀န်ရှိသူများသည် (၃၀-၄-၂၀၁၆)ရက်နေ့၊ (၄-၅-၂၀၁၆)ရက်နေ့နှင့် (၁၅-၅-၂၀၁၆)ရက်နေ့တို့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်နေအိမ် (၄၁၉၀)လုံး၊ ပြိုကျနေအိမ် (၂၆၆) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၉၇,၁၀၀,၀၀၀)အား လေဘေးသင့်ပြည်သူများအတွက် ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးထံသို့ (၄-၆-၂၀၁၆)ရက်နေ့ (၁၆၀၀)အချိန်တွင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။
-
ကံမမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများအား မြို့နယ်ထွေအုပ်မှတာဝန်ရှိသူတစ်ဦးထံသို့ လွှဲပြောင်းပေးအပ်မှုသတင်း
ကံမမြို့နယ်အတွင်း မေလအတွင်း၌ ဖြစ်ပွားခဲ့သည့် လေဘေးသင့်အိမ်ထောင်စု ပြိုလဲအိမ် (၅) လုံးနှင့် အမိုးလန် (၆၁၉) လုံး၊ စုစုပေါင်း (၆၂၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးကို (၃-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးသည် မြို့နယ်ထွေအုပ်မှ တာဝန်ရှိသူတစ်ဦးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ မိုင်းလီကျေးရွာတွင် သဘာဝဘေး အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ မိုင်းလီကျေးရွာတွင် ရက် (၁၀၀) စီမံချက်အရ သဘာဝဘေး အသိပညာပေး ဟောပြောပွဲကို (၄-၆-၂၀၁၆) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာလူထု (၁၇၀) ဦးခန့် တက်ရောက်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် သဘာဝဘေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ပဲခူးတိုင်းဒေကြီး၊ ပြည်ခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မိုးကြိုးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးရှိ တာ၀န်ရှိသူများသည် ပြည်ခရိုင်၊ ကြို့ပင်ကောက်မြို့သဲကုန်းရပ်ကွက်၊ ရွာမလမ်းနေ ကိုတိုး (၃၈)နှစ် (ဘ) ဦးသန်းမြင့်သည် (၃၁-၅-၂၀၁၆)နေ့တွင် အုတ်ဖိုမြို့နယ်သာလိကာရွာလမ်းနှင့် ကွေ့ချောင်းရွာ လမ်းချင်းဆက်လမ်းမပေါ်တွင် မိုးကြိုးထိမှန်သေဆုံးခဲ့ခြင်းအတွက် ထောက်ပံ့ငွေကျပ် (၁၀၀,၀၀၀) အား (၃-၆-၂၀၁၆)နေ့တွင် သေဆုံးသူ၏ဇနီးအားသွားရောက်ထောက်ပံ့ခဲ့ကြောင်းသိရှိရပါသည်။
-
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးရှိ တာ၀န်ရှိသူများသည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရပ်ကွက်ကျေးရွာများတွင်(၂၆-၅-၂၀၁၆) နေ့နှင့် (၂၉-၅-၂၀၁၆) ရက်နေ့များက လေဘေးဖြစ်ပွားခဲ့ရာ လေဘေးသင့် ပြိုလဲအိမ်ခြေ (၁)လုံး၊ အမိုးလန်အိမ်ခြေ (၇)လုံးတို့မှ အိမ်ထောင်စု (၈)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ဖိုးငွေကျပ် (၇၅၂ဝဝ)နှင့် ကယ်ဆယ်ရေးပစ္စည်း အိမ်ထောင်စု(၈)စုစာကို ရွှေတောင်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးထံသို့ ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့နိုင်ရန် (၃-၆-၂၀၁၆)နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
ကျောက်ဖြူမြိုနယ်တွင် ဓာတ်လိုက်သေဆုံးမှုအတွက် ထောက်ပံ့မှုသတင်း
ကျောက်ဖြူမြို့နယ်၊ ရခိုင်ပိုက်ဆိပ်ရပ်ကွက်၊ ဆားပြင်ကွင်း (၁) လမ်းနေ မောင်ဇော်နိုင်လင်း (ဘ) ဦးလှမြင့်၊ အသက် (၈) နှစ်သည် (၂၆-၅-၂၀၁၆) ရက်နေ့၊ နံက် (၀၆:၃၀) အချိန်ခန့်တွင် လေပြင်းတိုက်ခတ်၍ ပြုတ်ကျခဲ့သည့် လျှပ်စစ်ဓာတ်ကြိုးအား သွားရောက်ကိုင်ခဲ့၍ သေဆုံးခဲ့ပါသည်။ အဆိုပါ သေဆုံးသူအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးရှိ တာဝန်ရှိသူတစ်ဦးမှ ထောက်ပံ့ငွေကျပ် (၁၀၀၀၀၀) အား (၃-၆-၂၀၁၆) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုဝန်ထမ်းလုပ်ငန်းများနှင့် လမ်းပေါ်နေကလေးများ၊ တောင်းရမ်းစားသောက်သူများ၊ ခိုကိုးရာမဲ့များ၊ စောင့်ရှောက်သူမဲ့ မသန်စွမ်းသူများအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများ ဆွေးနွေးဆောင်ရွက်
၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်နှင့် တာဝန်ရှိသူများ လိုက်ပါလျှက် ၃-၆-၂၀၁၆ရက်နေ့ နေ့လည်ပိုင်းတွင် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ(Day Care Center for the Aged) သို့ ရောက်ရှိခဲ့ရာ ဂေဟာတာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ၂။ ပြည်ထောင်စုဝန်ကြီးမှ သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာအား လူမှုရေးအရ စောင့်ရှောက်ပေးမှုပေးရန် လိုအပ်လျှက်ရှိသော သက်ကြီးရွယ်အိုများအား စောင့်ရှောက်အကူအညီပေးရန်နှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက် စံနမူနာဖြစ်စေရန် … Read more
