ကျောက်ဖြူမြိုနယ်တွင် ဓာတ်လိုက်သေဆုံးမှုအတွက် ထောက်ပံ့မှုသတင်း

ကျောက်ဖြူမြို့နယ်၊ ရခိုင်ပိုက်ဆိပ်ရပ်ကွက်၊ ဆားပြင်ကွင်း (၁) လမ်းနေ မောင်ဇော်နိုင်လင်း (ဘ) ဦးလှမြင့်၊ အသက် (၈) နှစ်သည် (၂၆-၅-၂၀၁၆) ရက်နေ့၊ နံက် (၀၆:၃၀) အချိန်ခန့်တွင် လေပြင်းတိုက်ခတ်၍ ပြုတ်ကျခဲ့သည့် လျှပ်စစ်ဓာတ်ကြိုးအား သွားရောက်ကိုင်ခဲ့၍ သေဆုံးခဲ့ပါသည်။ အဆိုပါ သေဆုံးသူအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးရှိ တာဝန်ရှိသူတစ်ဦးမှ ထောက်ပံ့ငွေကျပ် (၁၀၀၀၀၀) အား (၃-၆-၂၀၁၆) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events