ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် လေဘေးထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးရှိ တာ၀န်ရှိသူများသည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရပ်ကွက်ကျေးရွာများတွင်(၂၆-၅-၂၀၁၆) နေ့နှင့် (၂၉-၅-၂၀၁၆) ရက်နေ့များက လေဘေးဖြစ်ပွားခဲ့ရာ လေဘေးသင့် ပြိုလဲအိမ်ခြေ (၁)လုံး၊ အမိုးလန်အိမ်ခြေ (၇)လုံးတို့မှ အိမ်ထောင်စု (၈)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ဖိုးငွေကျပ် (၇၅၂ဝဝ)နှင့် ကယ်ဆယ်ရေးပစ္စည်း အိမ်ထောင်စု(၈)စုစာကို ရွှေတောင်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးထံသို့ ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့နိုင်ရန် (၃-၆-၂၀၁၆)နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events