Author Archives: RRD
-
ရခိုင်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
ရခိုင်ပြည်နယ်အတွင်း (၄-၇-၂၀၁၆) နေ့နှင့် (၅-၇-၂၀၁၆) နေ့များတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ဒီရေမြင့်တက်လာမှုတို့ကြောင့် မြစ်ချောင်း များမှ ရေမြင့်တက်လာသဖြင့် ဘူးသီးတောင်မြို့၊ အမ်းမြို့၊ ကျောက်တော် မြို့၊ မြောက်ဦးမြို့၊ မင်းပြားမြို့နယ်များတွင် ရေလွှမ်းမိုးခြင်းများ ဖြစ်ပေါ်ခဲ့ ပါသည်။ အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် လတ်တလော စားနပ်ရိက္ခာဖြစ်သည့် ခေါက်ဆွဲခြောက်၊ ရေသန့်၊ ကြက်ဥ၊ ဆန်၊ Family kid၊ ရေသန့်ဆေးထုပ်နှင့် ကယ်ဆယ်ရေးပစ္စည်း များ ထောက်ပံ့ပေးနိုင်ရေး အတွက် ရခိုင်ပြည်နယ်ဦးစီးမှူးသည် (၆-၇-၂၀၁၆)နေ့ (၁၁းဝ၀) နာရီ အချိန်တွင် ဘေးဖြစ်ပွားရာဒေသများသို့ … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ သဲအိမ်ကျောင်းစုကျေးရွာတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
(၂-၇-၂၀၁၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ သဲအိမ်ကျောင်းစုကျေးရွာတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအား ဖျာပုံခရိုင်၊ ကယ်ဆယ်ရေးရုံးမှ ဦးဆောင်၍ မိတ်ဖက်အဖွဲ့ လူသရမ်ဝေါလ်ဖက်ဒရေးရှင်းနှင့် ပူးပေါင်း၍ မြို့နယ်မီးသတ်တပ်ဖွဲ့ ကြက်ခြေနီအသင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍ ပြည်သူလူထု (၂၅၀) ဦး ပါဝင်ဆောင်ရွက်ခဲ့ပြီး အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
-
သံအမတ်ကြီးနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံခြင်းနှင့် အမျိုးသမီးများ၏ တရားမျှတမှု လက်လှမ်းမီခြင်း အစီရင်ခံစာ မိတ်ဆက်ရှင်းလင်းပွဲ ကျင်းပပြုလုပ်မှုသတင်း
၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာ ခန်းမတွင် ဇွန်လ ၂၉ ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား ရန်ကုန်မြို့၊ ြမန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံသံရုံးမှ သံအမတ်ကြီးြဖစ်သူ H.E.Mr. Nicholas Coppel ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာ၌ နှစ်နိုင်ငံအကြား သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင်ပူးပေါင်း ဆောင်ရွက်နေမှုများ၊ သြစတြေးလျနိုင်ငံမှပေးအပ်သည့် ပညာသင်ဆုကိစ္စများ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် သြစတြေးလျနိုင်ငံဘက်မှကူညီမည့် ဖွံ့ဖြိုးတိုးတက်ရေးအကူအညီများ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီအောက် တွင် ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် … Read more
-
ဘိုကလေးမြို့နယ်၊ ဘိုးရောင်ကျေးရွာအုပ်စု၊ ကျုံခရိုင်ကျေးရွာရှိ မိုးကြိုးထိမှန်သေဆုံးသူအား ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ရုံးမှ တာဝန်ရှိသူ များသည် ဘိုကလေးမြို့နယ်၊ ဘိုးရောင် ကျေးရွာအုပ်စု၊ ကျုံခရိုင်ကျေးရွာတွင် (၂၄-၆-၂၀၁၆) ရက်နေ့၌ မိုးကြိုးထိမှန် သေဆုံးသွား သော မသက်သက်ထွေး ( ၂၅ ) နှစ် အတွက် ထောက်ပံ့ငွေကျပ် (၁၀၀,၀၀၀) တိတိအား ခင်ပွန်းဖြစ်သူထံသို့ တာဝန်ရှိသူများရှေ့မှောက်တွင် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကရင်ပြည်နယ်၊ မြ၀တီခရိုင်တွင် သဘာ၀ဘေးအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြ၀တီခရိုင်ဦးစီးမှူးရုံးရှိ တာ၀န်ရှိသူ များသည် မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူလူထုအင်အား (၂၀၀)ခန့်အား ရေဘေးအန္တရာယ်နှင့် အခြားသဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ကာ ကွယ်နိုင်ရန် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲကို (၂၈-၆-၂၀၁၆) ရက်နေ့၌ကျင်းပခဲ့ကြောင်းသိရှိရပါသည်။
-
ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ရွေးကျေးရွာအုပ်စု၊ ရွေးကျေးရွာ၌ သဘာဝ ဘေးလျော့ပါးရေး အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂၇-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဦးသန်းစိုး၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူ များသည် ရက်(၁၀၀) ပါ စီမံချက်အရ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ရွေးကျေးရွာ အုပ်စု၊ ရွေးကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဆွေးနွေး ဟောပြောပွဲ အား ကျေးရွာသူ/ သား(၁၅၀) ဦးဖြင့် ဆောင်ရွက်ခဲ့ပြီး ဘေး(၈)မျိုးပါ အသိပညာပေး စာအုပ်နှင့် ပိုစတာများ ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၊ လူမှုဝန်ထမ်း ဦးစီးမှူးရုံး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် UNICEFတို့ ပူးပေါင်း၍ ဌာနဆိုင်ရာများ ဒေသအခြေစိုက်လူမှုရေးအဖွဲ့အစည်းများ၊ INGO, NGO, CSO တို့၏ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးအား တောင်ကြီးမြို့၊ ဆရာဝန်အသင်းခန်းမ၌ (၂၈-၆-၂၀၁၆) ရက်နေ့ (ဝ၈၃ဝ) အချိန်မှ (၁၆၄၅) အချိန်အထိ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ တက်ရောက်လာသူများမှ မိမိတို့လုပ်ငန်း ကဏ္ဍအလိုက်ဆောင်ရွက်လုပ်ကိုင်နေမှုများနှင့် အတွေ့အကြုံများဆွေးနွေးဖလှယ်ခြင်း၊ လူမှုစောင့်ရှောက်ရေးနှင့် ထိခိုက်လွယ်အုပ်စုများခေါင်းစဉ်နှင့်ပတ်သက်၍ လူမှုဝန်ထမ်း ပြည်နယ်မှူးနှင့် UNICEF မှတာဝန်ရှိသူများ တက်ရောက်လာကြသူများမှလည်းကောင်း၊ သဘာဝဘေး စီမံခန့်ခွဲမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်၍ကယ်ဆယ်ရေးပြည်နယ်မှူးမှလည်းကောင်း၊ … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီလီနှင့် တွေ့ဆုံ
နေပြည်တော် ဇူလိုင် ၂၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန််မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီအား ယနေ့ညနေ ၅ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည် ။ တွေ့ဆုံစဉ် ဝန်ကြီးဌာန၏ရက် (၁၀၀) လုုပ်ငန်းစီမံချက်ဆိုင်ရာများ၊ ကာလတို/ကာလရှည် စီမံကိန်းဆိုင်ရာများ၊ သက်ကြီးရွယ်အို၊ အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေးနှင့် ခိုကိုးရာမဲ့ကလေးသူငယ်များ ပြန်လည်ပြုစုပျိုးထောင်ရေး၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာများ၊ သဘာဝဘေး ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ထားရှိမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအတွက် ဆောင်ရွက်ထားရှိမှုများ၊ … Read more
-
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် သဘာ၀ဘေးအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးရှိတာ၀န်ရှိသူ များမှ ညှိနှိုင်းဖိတ်ကြားချက်အရ (၂၈-၆-၂၀၁၆)ရက်နေ့ (၀၉:၃၀)အချိန်မှ (၁၁:၃၀)အချိန်ထိ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ရှားပေါင်ကျေးရွာအုပ်စု အထက်တန်းကျောင်း၌ ဆရာ/မ ကျောင်းသား/သူအင်အား (၃၅၀)ဦး တို့ကို “သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲ” ဟောပြောခြင်း သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ Game များကစားခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များပေးဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ နေပြည်တော် တိုင်းဦးစီးမှူးရုံးရှိတာ၀န် ရှိသူများမှ (၉-၆-၂၀၁၆)ရက်နေ့တွင်ဖြစ်ပွားခဲ့သော လယ်ဝေးမြို့၊ ပေတုန်းမျှောင်ကျေးရွာရှိ အိမ်ခြေ (၁၄)လုံး၊ အိမ်ထောင်စု (၁၄) အိမ်ထောင်အတွက် (၂၇-၇-၂၀၁၆) နေ့တွင်ရန်ပုံငွေကျပ် (၃၈၀၅ဝဝ) အားလေဘေးသင့်ပြည်သူများအတွက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
