ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးပြုလုပ်မှုသတင်း

60

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၊ လူမှုဝန်ထမ်း ဦးစီးမှူးရုံး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် UNICEFတို့ ပူးပေါင်း၍ ဌာနဆိုင်ရာများ ဒေသအခြေစိုက်လူမှုရေးအဖွဲ့အစည်းများ၊ INGO, NGO, CSO တို့၏ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးအား တောင်ကြီးမြို့၊ ဆရာဝန်အသင်းခန်းမ၌ (၂၈-၆-၂၀၁၆) ရက်နေ့ (ဝ၈၃ဝ) အချိန်မှ (၁၆၄၅) အချိန်အထိ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ တက်ရောက်လာသူများမှ မိမိတို့လုပ်ငန်း ကဏ္ဍအလိုက်ဆောင်ရွက်လုပ်ကိုင်နေမှုများနှင့် အတွေ့အကြုံများဆွေးနွေးဖလှယ်ခြင်း၊ လူမှုစောင့်ရှောက်ရေးနှင့် ထိခိုက်လွယ်အုပ်စုများခေါင်းစဉ်နှင့်ပတ်သက်၍ လူမှုဝန်ထမ်း ပြည်နယ်မှူးနှင့် UNICEF မှတာဝန်ရှိသူများ တက်ရောက်လာကြသူများမှလည်းကောင်း၊ သဘာဝဘေး စီမံခန့်ခွဲမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်၍ကယ်ဆယ်ရေးပြည်နယ်မှူးမှလည်းကောင်း၊ ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးဒေါက်တာအောင်သန်းမောင်မှအဖွင့်အမှာစကားပြောကြားခြင်း၊ အခမ်းအနားအား ကြီးကြပ်ပါဝင်တက်ရောက်ခြင်းများဆောင်ရွက်ခဲ့ပါကြောင်း၊ အဖွဲ့အစည်းပေါင်း (၆၀)ခန့် တက်ရောက်ခဲ့ကြပြီး (၂၉-၆-၂၀၁၆)ရက်နေ့ နေလည်ပိုင်းအထိ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events