ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီလီနှင့် တွေ့ဆုံ

index.jpg- index.jpg--

နေပြည်တော် ဇူလိုင် ၂၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန််မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီအား ယနေ့ညနေ ၅ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည် ။

တွေ့ဆုံစဉ် ဝန်ကြီးဌာန၏ရက် (၁၀၀) လုုပ်ငန်းစီမံချက်ဆိုင်ရာများ၊ ကာလတို/ကာလရှည် စီမံကိန်းဆိုင်ရာများ၊ သက်ကြီးရွယ်အို၊ အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေးနှင့် ခိုကိုးရာမဲ့ကလေးသူငယ်များ ပြန်လည်ပြုစုပျိုးထောင်ရေး၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာများ၊ သဘာဝဘေး ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ထားရှိမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအတွက် ဆောင်ရွက်ထားရှိမှုများ၊ ကလေးသူငယ်နှင့် အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက် ရေးဆိုင်ရာကိစ္စရပ်များအပေါ် ရင်းနှီးစွာ ဆွေးနွေးကြသည်။

ယင်းသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။ (သတင်းစဉ်)

Sign Up

Upcoming Events