၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာ ခန်းမတွင် ဇွန်လ ၂၉ ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား ရန်ကုန်မြို့၊ ြမန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံသံရုံးမှ သံအမတ်ကြီးြဖစ်သူ H.E.Mr. Nicholas Coppel ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာ၌ နှစ်နိုင်ငံအကြား သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင်ပူးပေါင်း ဆောင်ရွက်နေမှုများ၊ သြစတြေးလျနိုင်ငံမှပေးအပ်သည့် ပညာသင်ဆုကိစ္စများ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် သြစတြေးလျနိုင်ငံဘက်မှကူညီမည့် ဖွံ့ဖြိုးတိုးတက်ရေးအကူအညီများ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီအောက် တွင် ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း ကော်မတီ ဥက္ကဌအဖြစ် ပြည်ထောင်စုဝန်ကြီးက တာဝန်ယူဆောင်ရွက်မှု အခြေအနေများ၊ ကလေးသူငယ် အခွင့်အရေးဆောင်ရွက်နေမှု အခြေအနေနှင့် ကလေးသူငယ်ဥပဒေ ပြင်ဆင် ရေးဆွဲရေး တိုးတက်မှုအခြေအနေများ၊ ဝန်ကြီးဌာန၏ရက်(၁၀၀) စီမံကိန်းပါ ဦးစားပေးလုပ်ငန်း စီမံချက်များနှင့် ရှေ့ဆက်၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါ သည်။
၂။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးအား United State Agency for International Development မှ အကြံပေးပုဂ္ဂိုလ် Mr.Don Price အားလက်ခံတွေ့ဆုံပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ကြီးကြပ်မှုဖြင့် ဝန်ကြီးဌာန၏ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ဗဟိုဌာန Emergency Operation Center(EOC) အဆင့် မြင့်တင်ရေးကိစ္စရပ်များအားဆွေးနွေးခဲ့ပါသည်။
၃။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် United National High Commissioner for Refugees(UNHCR) မှ Representative ြဖစ်သူ Mr.Giuseppe Vincentiis ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် UNHCR အဖွဲ့အစည်းတို့အကြား နားလည်မှု စာချွန်လွှာရေးထိုး၍ လူသားချင်းစာနာမှုလုပ်ငန်းများ၊ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ အစိုးသစ်၏ ဦးဆောင်မှုအောက်တွင် နေရပ်စွန့်ခွာပြည်သူများ အတွက် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စများနှင့် နိုင်ငံခြားသားဝန်ထမ်းများ အတွက် ဗီဇာလျောက်ထားမှုကိစ္စရပ်များ လွယ်ကူချောမွေ့စေရေးဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကိုရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ ပါသည်။
၄။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် Grand Amara Hotel ၌ကျင်းပပြုလုပ်သော ဆုံမှတ်ဆီမှအသံများ- တစ်ခုမကသောမြန်မာ့တရားစီရင်ရေး စနစ်တွင် အမျိုးသမီးများ၏ တရားမျှတမှုလက်လှမ်းမီခြင်းအစီရင်ခံစာမိတ်ဆက်ရှင်းလင်းပွဲသို့ တက် ရောက်၍ အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနသည်နိုင်ငံတော်ကိုယ်စား အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အဖွဲ့ဝင် နိုင်ငံအနေဖြင့်လည်းကောင်း၊ အာဆီယံအမျိုးသမီးရေးရာ ကော်မတီအဖွဲ့ဝင်နိုင်ငံ အနေဖြင့် လည်းကောင်း၊ အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးကာကွယ် စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးကော်မရှင်အဖွဲ့ဝင်နိုင်ငံအနေဖြင့်လည်းကောင်း၊ မြန်မာ အမျိုးသမီးထုကြီးရဲ့ အခွင့်အရေးများအပြည့်အဝရရှိခံစားနိုင်ရေး အတွက်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဘေဂျင်းကြေငြာစာတမ်းအရ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လုပ်ငန်းယန္တရား National Mechanism တစ်ရပ်ကို ၁၉၉၆ ခုနှစ်မှှာ စတင်ဖွဲ့စည်း ခဲ့ပါကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း(၂၀၁၃-၂၀၂၂) ကို ၂၀၁၃ခုနှှစ််မှှာ ရေးဆွဲခဲ့ပြီီးအကောင််အထည််ဖော်် ဆောင််ရွွက်် လျက််ရှှိိပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကိုလည်း လက််ရှှိိနုိင်််ငံံ တော််အစိုးရ၏ မူဝါဒများနဲ့အညီ ပြန််လည််ဖွဲ့စည်းနိုင်ရေးဆောင်ရွက်လျက်ရှိပြီး အမျိုးသမီး များနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ အသီးသီးမှာ အမျိုးသားများနှင့်တန်းတူ အခွင့်အရေး ရရှိစေရေးအတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေများ ထိရောက်မှုရှိစေဖို့နဲ့ လုိအပ်သောဥပဒေများ ရေးဆွဲပြဋ္ဌာန်းနိုင်ဖို့ အကြံပြုဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်အကြမ်းဖက်မှုမှ ကြိုတင်ကာကွယ်ရန်နှင့် စောင့်ရှောက်မှုများ ပေးရန်လိုအပ်တဲ့ အတွက် အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်း ရှင်းကို လက်မှတ်ရေးထိုးခဲ့ပြီးကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်နဲ့ အညီအမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ် ရေးဥပဒေကိုရေးဆွဲလျက်ရှိပါကြောင်း၊ အမျိုးသမီးများ အနေနဲ့ မိမိကိုယ်မိမိအကာအကွယ်ပေးထားတဲ့ ဥပဒေများကို နားလည်လာစေဖို့နဲ့ ဗဟုသုတ များပြည့်စုံစေဖို့အတွက် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ Millennium Development Goals (MDGs) မှ Sustainable Development Goals (SDGs) သို့ ကူးပြောင်းနေပြီဖြစ်လို့ ၂၀၁၆ ခုနှစ်မှစပြီးနောင်လာမဲ့ (၁၅) နှစ်အတွင်း အမြင့်ဆုံး အတိုင်း အတာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက် ရန်အတွက် အမျိုးသမီးများနောက်ချန်မနေကြဘဲအမျိုးသားများနဲ့ ရင်ပေါင်တန်းပြီး တက်ညီ လက်ညီဆောင်ရွက်နိုင်မှသာ လိုရာခရီးပန်းတိုင်ကိုရောက်ရှိနိုင်မှာ ဖြစ်ပါကြောင်း၊ သည့် အတွက် အရည်အချင်းစွမ်းဆောင်ရည်များအား တိုးတက်ထက်မြက်မှုရှိလာစေရန် လေ့ကျင့်ပျိုးထောင်ဖို့ လိုအပ်ပါကြောင်း၊ အမျိုးသမီးအားလုံးနိုင်ငံတော်ရဲ့ အရေးကြီးသော ကဏ္ဍများမှာ ပါဝင်ဆောင်ရွက်နိုင်ရန်နဲ့ ဆုံးဖြတ်ချက်ချတဲ့နေရာများမှာ ပါဝင်နိုင်မှသာ မြန်ဆန် သောဖွံ့ဖြိုးတိုးတက်မှုနဲ့ စစ်မှန်သောတန်းတူညီမျှမှုရရှိမှာဖြစ်ပါကြောင်း၊ ဒီနေ့မိတ်ဆက် ဖြန့်ချီတဲ့ အစီရင်ခံစာမှာအမျိုးသမီးအရေးနဲ့ ပတ်သက်ပြီးဥပဒေကြောင်းအရ ဖြေရှင်း ဆောင်ရွက်ရာမှာ တရားစီရင်ရေးအဖွဲ့အစည်းများ၊ တရားစီရင်ရေးစနစ်များ၏ အမျိုးသမီး များ အပေါ်သက်ရောက်မှုအား လေ့လာထားပြီးအားသာချက်များ၊ အခက်အခဲများနဲ့ အတား အဆီးများကို အကြံပြုထားတဲ့အတွက် အမျိုးသမီးများတရားမျှတမှု လက်လှမ်းမီရရှိစေရေး ဆောင်ရွက်ပေးနိုင်မည့် အစီရင်ခံစာတစ်ခုဖြစ်ကြောင်း သတင်းရရှိပါသည်။