ရခိုင်ပြည်နယ်အတွင်း (၄-၇-၂၀၁၆) နေ့နှင့် (၅-၇-၂၀၁၆) နေ့များတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ဒီရေမြင့်တက်လာမှုတို့ကြောင့် မြစ်ချောင်း များမှ ရေမြင့်တက်လာသဖြင့် ဘူးသီးတောင်မြို့၊ အမ်းမြို့၊ ကျောက်တော် မြို့၊ မြောက်ဦးမြို့၊ မင်းပြားမြို့နယ်များတွင် ရေလွှမ်းမိုးခြင်းများ ဖြစ်ပေါ်ခဲ့ ပါသည်။ အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် လတ်တလော စားနပ်ရိက္ခာဖြစ်သည့် ခေါက်ဆွဲခြောက်၊ ရေသန့်၊ ကြက်ဥ၊ ဆန်၊ Family kid၊ ရေသန့်ဆေးထုပ်နှင့် ကယ်ဆယ်ရေးပစ္စည်း များ ထောက်ပံ့ပေးနိုင်ရေး အတွက် ရခိုင်ပြည်နယ်ဦးစီးမှူးသည် (၆-၇-၂၀၁၆)နေ့ (၁၁းဝ၀) နာရီ အချိန်တွင် ဘေးဖြစ်ပွားရာဒေသများသို့ သွားရောက်ထောက်ပံ့လျက် ရှိနေပြီဖြစ်ပါသည်။