Author Archives: RRD
-
ကျောက်မဲခရိုင် သီပေါမြို့နယ်တွင်ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
(၁၃ -၁- ၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးစီးဌာန ကျောက်မဲခရိုင်ဦးစီးရုံးမှတာဝန်ရှိသူများနှင့် Islamic ReliefWorld wide IRW အဖွဲ့အစည်းတို့ ပူးပေါင်း၍ ကျောက်မဲခရိုင် သီပေါမြို့နယ်တွင် ရောက်ရှိနေသော တိုက်ပွဲရှောင် အိမ်ထောင်စု (၄၅) စုမှ လူဦးရေ ၁၅၃ ဦးအတွက် ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ အနွေးထည်နှင့် စောင် တန်ဖိုးငွေ (၁၆၄၇၇၅၀) ကျပ်ရှိ ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးရုံး(ကဆရ)
-
မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးနှင့် UN-Habitat တို့ ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့၌ (၉-၁-၂၀၁၇) ရက်နေ့မှ (၁၃-၁-၂၀၁၇) ရက်နေ့ထိ “မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း” ကို ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်း၌ လပွတ္တာခရိုင်(ကဆရ)ရုံးမှ တာဝန်ရှိသူများနှင့် UN-Habitat မှ တာဝန်ရှိသူများသည် သင်တန်းသား/သင်သင်တန်းသူများအား မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်သော Table Top Exercise လေ့ကျင့်ခန်းအား (၁၃-၁-၂၀၁၇) ရက်နေ့၌ ပို့ချခဲ့ပါသည်။ လေ့ကျင့်ခန်းပြုလုပ်စဉ် မုန်တိုင်းသတင်းရရှိချိန်မှစ၍ မုန်တိုင်းပြီးဆုံးသည်ထိ အဆင့် (၅) ဆင့်ဖြင့် မြို့နယ်သဘာဝဘေးကော်မတီနှင့် ပြည်သူများ ချိတ်ဆက်မိမိ ဆောင်ရွက်သည့် … Read more
-
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နိုင်းပြိုင်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း
(၁၄.၁.၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နိုင်းပြိုင်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/သား အင်အား (၂၀၀) ဦး ခန့် တက်ရောက်ခဲ့ကြောင်းနှင့် နံရံကပ်ပိုစတာများ ၊ လက်ကမ်းစာစောင်များအား ဝေမျှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source : မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မောင်တောခရိုင်ဦးစီးမှူးရုံးဖွင့်လှစ်ခြင်း
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ဦးစီးမှူးရုံးအား (၁၄-၁-၂၀၁၇)ရက်နေ့ နံနက် (၀၇:၀၀)နာရီအချိန်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းထွဋ်ဦး၊ ရခိုင်ပြည်နယ်ဦးစီးမှူးတို့မှ သံဃာတော်(၅)ပါး ပင့်ဖိတ်၍ ဆွမ်းဆက်ကပ်လှူဒါန်းကာ တရားတော်နာယူပြီး ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့တောင်ဘက်၊ ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်း ကံထူးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း
မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁-၂၀၁၇)ရက်နေ့ နံနက်ပိုင်း (၁ဝ:ဝ၀)နာရီမှ (၁၁:၃၀)နာရီထိ မော်လိုက်မြို့တောင်ဘက်၊ ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်း ကံထူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/မ၊ ကျောင်းသား/သူ (၄၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်များ၏ အကြောင်းများ၊ ဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ အထူးသဖြင့် ၄င်းဒေသတွင် မီးဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေး၊ လျှပ်တပြတ် ရေကြီးခြင်းများ ဖြစ်ပွါးခဲ့ပါက ကြိုတင်ပြင်ဆင်ရေး ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးတို့ကို ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source : မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သုခရပ်ကွက် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပြီးစီးမှု
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သုခရပ်ကွက်တွင် (၁၃.၁.၂၀၁၇) ရက်နေ့ (၀၂:၀၀) နာရီအချိန်တွင် safe guard အပူလွန်၍ ဖြစ်ပွားသော မီးဘေးကြောင့် သွပ်မိုးထရံကာပျဉ်ခင်းအိမ် (၄)လုံးမီးလောင်ကျွမ်းခဲ့ရာ (၂)ဦး သေဆုံးပြီး အိမ်ထောင်စု (၉)စုမှ မီးဘေးသင့်သူ (၂၄)ဦးအတွက် family kit Hygiene kit ၊ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၈)အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုး ငွေ (၂၁,၆၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းငွေ (၂၂၁,၆၀၀/-)ကျပ်အား ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၁၃.၁.၂၀၁၇) ရက်နေ့တွင် … Read more
-
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာ၊ အောင်မင်္ဂလာဘုန်းကြီးကျောင်းတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း
(၁၃.၁.၁၇) ရက်နေ့တွင် ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာ၊ အောင်မင်္ဂလာဘုန်းကြီးကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အင်အား (၃၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ချင်းပြည်နယ်၊ ကေလုံးကျေးရွာတွင် ၂၀၁၅ ခုနှစ်အတွင်း မြေပြိုပျက်စီးမှုကြောင့် ပြောင်းရွှေ့ အိမ်ခြေများအတွက် အမျိုးသားသဘာဝဘေး စီမံခန့်ခွဲမှု ကော်မတီမှ ထောက်ပံ့ပေးအပ်ခြင်း
၂၀၁၅ ခုနှစ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး မတူပီမြို့နယ်၊ ကေလုံးကျေးရွာ မြေပြိုပျက်စီးမှုကြောင့် ပြောင်းရွှေ့ အိမ်ခြေများအတွက် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီမှ အိမ်(၁)လုံးလျှင် ငွေကျပ် (၃၅)သိန်းနှုန်းဖြင့် ထောက်ပံ့ပေးခဲ့ရာ ပထမအရစ်အဖြစ် အိမ်(၁)လုံးလျှင် ကျပ် ၁၇၅,၀၀၀/-နှုန်းဖြင့် စုစုပေါင်းအိမ်ခြေ (၅၁) လုံးအတွက် ငွေကျပ် ၈,၉၂၅,၀၀၀/- အား (၆-၁-၂၀၁၇)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး၊ ဦးချွမ်ဟရဲ နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့မှ အတွင်းရေးမှူး၊ ဦးပြုံးချို တို့မှ မင်းတပ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မတူပီမြို့နယ်အုပ်ချုပ်ရေးမှူးတို့ထံသို့ လွှဲပြောင်းပေးအပ်ကာ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ပြီး … Read more
-
ဖျာပုံမြို့နယ်၊ ဒေါ်ငြိမ်းကျေးရွာအုပ်စု၊ ဘုရားလေးစုကျေးရွာ၌ ကမ်းရိုးတန်းဒေသ ဘေးဖြစ်နိုင်ခြေကနဦးလေ့လာဆန်းစစ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်များ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်မှုသတင်း
(၁၃-၁-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) သည် Action Aid အဖွဲ့နှင့်ပူးပေါင်း၍ ဖျာပုံမြို့နယ်၊ ဒေါ်ငြိမ်းကျေးရွာအုပ်စု၊ ဘုရားလေးစုကျေးရွာ ပြည်သူများနှင့် မူလတန်းကျောင်းသား/သူများအား ကမ်းရိုးတန်းဒေသဘေးဖြစ်နိုင်ခြေ ကနဦးလေ့လာဆန်းစစ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု၊ တာနားကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
(၁၃-၁-၂၀၁၇) ရက်နေ့တွင် ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု၊ တာနားကျေးရွာရှိ ဘုရားသုံးဆူ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့ရာ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၆) ရွာမှ ပြည်သူ (၇၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
