Author Archives: RRD
-
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ရှိ ရေဘေးသင့် ပြည်သူများထံသွားရောက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီး ဌာန ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၈-၂၀၁၆)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျွဲဂါတ် ကျေးရွာ အုပ်စု၊ အင်းမကျေးရွာရှိ ရေဘေးသင့် အိမ်ထောင်စု (၂၃)စု၊ လူဦးရေ (၁၀၈)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၉၇၂၀၀)ကျပ် နှင့် ရေသန့်ဗူး (၆)လုံးပါ (၂၃)ကဒ် တို့ကို ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသတင်းရရှိပါသည်။
-
မြောင်မြို့နယ် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၃-၈-၂၀၁၆) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်မြို့နယ် ရေဘေးသင့်ပြည်သူ များအား အိမ်ထောင်စု ( ၆၂၁) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ထောင်စု (၂) စုစာ အတွက် ကယ်ဆယ် ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၁,၁၉၇,၀၀၀/-) နှင့် ပြိုကျအိမ် (၂) အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀,၀၀၀/-) တို့အား မြောင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် နှင့်ပြည်မြို့နယ်ရှိ ရေဘေးသင့် ပြည်သူများထံသွားရောက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးဝင်းထိန်ကျော်နှင့် အဖွဲ့သည် (၄-၈-၂၀၁၆)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ရပ်ကွက်(၅)ခု၊ ကျေးရွာအုပ်စု (၇)ခုမှ ရေဘေးသင့် အိမ်ထောင်စု (၄၃၅)စု၊ လူဦးရေ (၁၇၁၅) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေနှင့် ငါးသေတ္တာဖိုး ထောက်ပံ့ငွေ စုစုပေါင်း (၁၈၈၃၈၄၄)ကျပ်နှင့် ပြည်မြို့နယ်၊ ရပ်ကွက်(၁)ခု၊ ကျေးရွာ (၅)ခု မှ ရေဘေးသင့် အိမ်ထောင်စု (၂၉၂) စု လူဦးရေ (၁၂၄၉) ဦးအတွက် ဆန်ရိက္ခာနှင့် ငါးသေတ္တာဖိုးထောက်ပံ့ငွေ စုစုပေါင်း (၁၃၄၉၃၃၄)ကျပ်အား သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီး၊ရွှေတောင်မြို့နယ် နှင့်ရှိ ရေဘေးသင့်ပြည်သူများထံသွားရောက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းထိန် ကျော်နှင့် အဖွဲ့သည် (၄-၈-၂၀၁၆)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ ရပ်ကွက်(၇)ခု၊ ကျေးရွာအုပ်စု (၁၁)ခုမှ ရေဘေးသင့် အိမ်ထောင်စု (၄၇၉)စု၊ လူဦးရေ (၁၅၅၂) ဦးအတွက် ဆန်ရိက္ခာ ဖိုး ထောက်ပံ့ငွေနှင့် ငါးသေတ္တာဖိုး ထောက်ပံ့ငွေ စုစုပေါင်း (၁၇၆၇၅၄၆)ကျပ်အား သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ရှိ မြို့နယ် (၃) မြို့နယ်အတွင်း မြစ်ရေမြင့်တက်မှုကြောင့် ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်ကြသည့် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုအခြေအနေသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်နှင့် ဟင်္သာတမြို့နယ်များအတွင်း မြစ်ရေမြင့်တက်မှုကြောင့် ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်ကြရသည့် ဘေးသင့်အိမ်ထောင်စု (၅၃၂) စုမှ လူဦးရေ (၂၀၃၈) ဦးအတွက် ဟင်္သာတခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိရာ (၁-၈-၂၀၁၆) ရက်နေ့မှ (၃-၈-၂၀၁၆) ရက်နေ့ထိ ဆန်ရိက္ခာဖိုးငွေစုစုပေါင်း (၁,၈၃၄,၂၀၀) ကျပ်တိတိနှင့် စုစုပေါင်းတန်ဖိုးငွေ (၇၁၁,၀၀၀) ကျပ်တိတိရှိ ရေသန့်ဗူးများအား ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှု သတင်း
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်အတွင်း ရေဘေးသင့်အိမ်ထောင်စု (၁၃၆၇) စုမှ လူဦးရေ (၃၆၁၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၂၅၃၅၀၀/-) ကျပ်အား မြို့နယ်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် (၃-၈-၂၀၁၆) ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူ စုစုပေါင်း (၆၅၆၀) ဦးအတွက် ဆန်ဖိုးငွေ (၃၁၀၇၇၀၀/-) ကျပ်အား (၃-၈-၂၀၁၆) ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
(၃.၈.၂၀၁၆) ရက်နေ့အထိ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ ရေဘေးဖြစ်ပွားမှုကြောင့် ဘေးဒုက္ခခံစားနေကြရသော ပြည်သူများထံသို့ ထောက်ပံ့ပေးမှုအခြေအနေ
မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ (၃-၈၂၀၁၆)ရက်နေ့ နေ့လည်(၁၂:၃၀)နာရီ အချိန် တိုင်းထွာချက်များအရဧရာ၀တီမြစ်ရေသည် ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့နယ်များ၏စိုးရိမ်ရေမှတ်အထက်တွင်လည်းကောင်း၊ ဒုဌ၀တီမြစ်ရေသည် မြစ်ငယ်မြို့၏ စိုးရိမ်ရေမှတ်အထက်တွင်လည်းကောင်း၊ ချင်းတွင်းမြစ်ရေသည် မော်လိုက်၊ ကလေး၀၊ မင်းကင်း၊ ကနီ၊ မုံရွာ မြို့နယ်များ၏ စိုးရိမ်ရေမှတ်အထက်တွင်လည်းကောင်း၊ င၀န်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၏စိုးရိမ်ရေမှတ်အထက်တွင်လည်းကောင်း ဆက်လက်တည်ရှိနေ ပါသည်။ အဆိုပါမြစ်ရေတက်မှုများကြောင့် မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိပြီး ပြည်သူများအားဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးမှုများပြုလုပ်ထားပြီး လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးဆောင်၍ … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား Norwegian People’s Aid အဖွဲ့အစည်းနှင့် Thales Thailand Ltd တို့မှ လာရောက်တွေ့ဆုံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ၌ သြဂုတ်လ ၃ ရက်နေ့၊ မွန်းလွဲ (၃း၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား Norwegian People’s Aid အဖွဲ့အစည်းမှ စီမံချက်မန်နေဂျာ ဖြစ်သူ Ms.Melissa Andersson ဦးဆောင်သည့် အဖွဲ့ဝင်များလာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ မိုင်းအန္တရာယ်လုပ်ငန်းကော်မတီအနေဖြင့် အစိုးရမဟုတ်သောအဖွဲ့ အစည်း များဖြစ်သည့် MAG အဖွဲ့အစည်း၊ Halo Trast အဖွဲ့အစည်း၊ Norwegian People’s Aid အဖွဲ့ အစည်းတို့ဖြင့် ဖွဲ့စည်းထားပါကြောင်း၊ မိုင်းအန္တရာယ်အသိပေး … Read more
