Author Archives: RRD
-
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်း ဧရာ၀တီမြစ်ရေမြင့်တက်မှုကြောင့် ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည့် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်း (၁-၈-၂၀၁၆) ရက်နေ့မှ (၂-၈-၂၀၁၆) ရက်နေ့အထိ ဧရာ၀တီမြစ်ရေမြင့်တက်မှုကြောင့် ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည့် အိမ်ထောင်စု (၁၂၁) စုမှ လူဦးရေ (၄၉၂) ဦးအတွက် ဆန်ရိက္ခာ(၃)ရက်စာ (၁၅အိတ် ၉ပြည်) တန်ဖိုး(၄၀၂၀၀၀ိ/-)၊ ရေသန့်(၆)ဘူးပါ ကဒ်(၁၂၁)ကဒ် တန်ဖိုး(၉၀၇၅၀ိ/-)၊ စုစုပေါင်းတန်ဖိုး (၄၉၂၇၅၀ိ/-) အား ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူး ဦးသန်စိုး(ညွှန်ကြားရေးမှူး)မှ (၄-၈-၂၀၁၆) ရက်နေ့တွင် ေရေဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ရေဘေးသင့်အိမ်ထောင်စု (၁၆၀၃) စုမှ လူဦးရေ (၅၉၇၉) ဦးအတွက် ဆန်ရိက္ခာဖိုးနှင့် ငါးသေတ္တာဖိုးငွေကျပ် (၅၃၈၁၁၀၀) တိတိအား မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဒေသကြီးဦးစီးမှူးက (၄-၈-၂၀၁၆) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ရေဘေးသင့်အိမ်ထောင်စု (၅၉၅) စုမှ လူဦးရေ (၂၂၀၉) ဦးအတွက် ဆန်ရိက္ခာဖိုးနှင့် ငါးသေတ္တာဖိုးငွေကျပ် (၂၅၂၃၆၀၀) တိတိအား မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဒေသကြီးဦးစီးမှူးက (၄-၈-၂၀၁၆) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကုန်းသောင်ကျေးရွာ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကုန်းသောင်ကျေးရွာ ရေဘေးသင့်အိမ်ထောင်စု (၂၂၁) စုမှ လူဦးရေ (၁၀၅၈) ဦးအတွက် ဆန်ရိက္ခာဖိုးနှင့် ငါးသေတ္တာဖိုးငွေကျပ် (၁၁၅၁၁၀၀) တိတိအား မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဒေသကြီးဦးစီးမှူးက (၄-၈-၂၀၁၆) ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကြူတောကျေးရွာ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကြူတောကျေးရွာ ရေဘေးသင့်အိမ်ထောင်စု (၁၆၈) စုမှ လူဦးရေ (၈၁၁) ဦးအတွက် ဆန်ရိက္ခာဖိုးနှင့် ငါးသေတ္တာဖိုးငွေကျပ် (၈၈၁၁၀၀) တိတိအား မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဒေသကြီးဦးစီးမှူးက (၄-၈-၂၀၁၆) ရက်နေ့၊ (၁၃) နာရီအချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
(၃.၈.၂၀၁၆) ရက်နေ့အထိ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ ရေဘေးဖြစ်ပွားမှုကြောင့် ဘေးဒုက္ခခံစားနေကြရသော ပြည်သူများထံသို့ ထောက်ပံ့ပေးမှုအခြေအနေသတင်း
မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ (၃-၈-၂၀၁၆) ရက်နေ့၊ နေ့လည် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဧရာ၀တီမြစ်ရေသည် ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့နယ်များ၏စိုးရိမ်ရေမှတ်အထက်တွင်လည်းကောင်း၊ ဒုဌ၀တီမြစ်ရေသည်မြစ်ငယ်မြို့၏စိုးရိမ်ရေမှတ်အထက်တွင်လည်းကောင်း၊ ချင်းတွင်းမြစ်ရေသည် မော်လိုက်၊ ကလေး၀၊ မင်းကင်း၊ ကနီ၊ မုံရွာမြို့နယ်များ၏စိုးရိမ်ရေမှတ်အထက်တွင်လည်းကောင်း၊ င၀န်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၏စိုးရိမ်ရေမှတ်အထက်တွင်လည်းကောင်း ဆက်လက်တည်ရှိနေပါသည်။ အဆိုပါမြစ်ရေတက်မှုများကြောင့်မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိပြီး ပြည်သူများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးမှုများပြုလုပ်ထားပြီး လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီးဦးဆောင်၍ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့မှုများကို … Read more
-
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုအခြေအနေသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် (၄-၈-၂၀၁၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားသော ဂူကြီးကျောင်းတိုက်သို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတင်သောင်းနှင့် ဦးမင်းဟန်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နောင်ကျော်စွာတို့နှင့်အတူ သွားရောက်ပြီး ရေဘေးသင့်အိမ်ခြေ (၂,၃၉၉) လုံးရှိ အိမ်ထောင်စု (၂,၅၇၇) စုမှ လူဦးရေ (၁၁,၁၁၆) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၁၀,၀၀၄,၄၀၀)၊ ငါးသေတ္တာတန်ဖိုးငွေကျပ် (၂,၃၁၉,၃၀၀)၊ ခေါက်ဆွဲခြောက်တန်ဖိုးငွေကျပ် (၂,၆၆၇,၈၄၀) စုစုပေါင်းတန်ဖိုးငွေကျပ် (၁၄,၉၉၁,၅၄၀) အား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး … Read more
-
ညောင်ဦးမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း ရေဘေးဖြစ်ပွားသော မြို့ပေါ်ရပ်ကွက် အမှတ် (၁/၂/၄/၅/၇)နှင့် ကျေးရွာ (၁၂) ရွာရှိ ရေဘေးရှောင်ပြောင်း ရွှေ့မိဘပြည်သူများအား အိမ်ထောင်စု (၂၁၂၄) စု၊ လူဦးရေ (၈,၉၁၆) ဦးအတွက် ဆန်ရိက္ခာ (၃) ရက်စာတန်ဖိုး (၄,၉၈၆,၀၀၀/-) ကျပ်၊ ခေါက်ဆွဲခြောက်တန်ဖိုး (၂,၄၀၇,၃၂၀/-)ကျပ်နှင့် ငါးသေတ္တာဗူးတန်ဖိုး (၁,၉၁၁,၆၀၀/-)ကျပ်၊ စုစုပေါင်း ငွေကျပ် (၉,၃၀၄,၉၂၀/-) ကျပ်အား (၃-၈-၂၀၁၆)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ မြင်းကပါကျေးရွာ၊ ငွေစေတီဓမ္မာရုံအတွင်း ရေဘေးရှောင်မိဘပြည်သူများကို အားပေးစကားများပြောကြားခဲ့ပြီး မြင်းကပါကျေးရွာ … Read more
-
ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ဒါနချောင်းကျေးရွာအုပ်စု၊ ကျွန်းကလေးကျေးရွာ ကမ်းပြိုဘေးအတွက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ၊ဒါနချောင်းကျေးရွာအုပ်စု ကျွန်းကလေးကျေးရွာတွင် ကမ်းပြိုဘေးဖြစ်ပွားခဲ့ရာ အိမ်ထောင်စု (၉) စု၊ လူဦးရေ (၃၆) ဦးဘေးသင့်ခဲ့ပါသည်။အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး (၉)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဘိုးငွေ (၁၈၀၀၀၀/-)ကျပ်နှင့်ဆန်ရိက္ခာဖိုးထောက်ပံငွေ (၃)ရက်စာ(၃၂၄၀၀/-)ကျပ် တို့အား (၃.၈.၂၀၁၆) နေ့၌ သက်ဆိုင်ရာတာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်၊၊
-
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အချင်းပြစ်ကျေးရွာ ရေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အချင်းပြစ်ကျေးရွာမှ ရေဘေးသင့်အိမ်ခြေ (၁၀၁)အိမ်၊ လူဦးရေ (၄၅၀)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၄၀၅၀၀၀)ကျပ်၊ ငါးသေတ္တာဖိုးငွေ (၉၀၉၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး (၁၀၁)အိမ်ထောင်စုစာကို (၃-၈-၂၀၁၆)ရက်နေ့(၁၅းဝ၀)အချိန်သွားရောက်ထောက်ပံ့ခဲ့ကြောင်းသိရှိရပါသည်။
