Author Archives: RRD

  • စလင်းမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အတွင်း ရေဝင်နစ်မြုပ်၍ ပြောင်းရွှေ့ရသော အိမ်ထောင်စု (၁၀,၄၉၄) စု၊ လူဦးရေ (၄၃,၆၈၇) ဦးအတွက် ဆန်းဖိုးထောက်ပံ့ငွေ (၂၆,၂၁၂,၂၀၀/-) ကျပ်အား မကွေးတိုင်းဒေသကြီးဦးစီးမှူး၊ ဦးမြင့်စိုးမှ စလင်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးထံ သို့ (၅-၈-၂၀၁၆) ရက်နေ့၊(၁၆:ဝ၀) နာရီအချိန်တွင် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source:မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • သထုံမြို့နယ်၊ ဒူးရင်းဆပ်ကျေးရွာ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၈-၂၀၁၆) ရက်နေ့တွင် သထုံမြို့နယ်၊ ဒူးရင်းဆပ်ကျေးရွာ၌ ရေကြီး၍ ပြောင်းရွှေ့ခဲ့ရသည့် ဘေးသင့်အိမ်ထောင်စု (၄၀)စုမှ လူဦးရေ စုစုပေါင်း (၁၈၅) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၃)ရက်စာ(၁၆၆၅၀၀)ကျပ်နှင့်ငါးသေတ္တာဖိုးထောက်ပံ့ငွေကျပ် (၃၆၀၀၀)၊ စုစုပေါင်း တန်ဖိုး (၂၀၂၅၀၀)ကျပ် တိတိကို တပ်ဦးကျောင်း ဓမ္မာရုံနှင့် ရွာလယ်ဓမ္မာရုံ တို့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

  • မြင်းခြံမြို့ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      (၃.၈.၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသည် ဒုတိယညွှန်ကြားရေး မှူးချုပ်ခရီးစဉ်တွင် လိုက်ပါလျက် မြင်းခြံမြို့ ရေဘေးသင့်သူအိမ်ထောင်စု (၂,၂၁၇) မှ လူဦးရေ (၈,၉၅၀) ဦး အတွက် ဆန် (၂၇၉ ) အိတ် (၁၇) ပြည်၊ ခေါက်ဆွဲထုပ် (၁၇,၈၀၀) ထုပ်၊ ငါးသေတ္တာ (၆,၆၅၁) ဘူးတို့ကို လွှတ်တော် ကုယ်စားလှယ်များနှင့် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်အတွင်း (၁-၈-၂၀၁၆) ရက်နေ့မှ (၃-၈-၂၀၁၆) ရက်နေ့ထိ ရေကြီး၍ ပြောင်းရွှေ့ခဲ့ရသည့် ဘေးသင့်အိမ်ထောင်စု (၁၀၃၂) စုမှ လူဦးရေ (၄၀၃၈) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၃,၆၃၄,၂၀၀) နှင့် ငါးသေတ္တာဖိုးထောက်ပံ့ငွေကျပ် (၉၂၈,၈၀၀) စုစုပေါင်းထောက်ပံ့ငွေကျပ် (၄,၅၆၃,၀၀၀) တိတိကို သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက (၄-၈-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • မော်လိုက်မြို့အတွင်း ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    (၃-၈-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် (၂၈-၇-၂၀၁၆) ရက်နေ့မှ (၃၀-၇-၂၀၁၆) ရက်နေ့အထိ ပြောင်းရွှေ့နေထိုင်ကြသည့် မော်လိုက်မြို့ပေါ် ရပ်ကွက် (၂) ရပ်ကွက်နှင့် ကျေးရွာ (၁၆) ရွာရှိ ရေဘေးသင့်အိမ် ထောင်စု (၃၅၈) စု၊ လူဦးရေ (၁,၈၀၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁,၆၂၀,၀၀၀/-) ကျပ်အား မော်လိုက်မြို့နယ်အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာနမှတဆင့် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)  

Sign Up

Upcoming Events