စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ ဒိုးနွယ်ကျေးရွာဘုန်းကြီးကျောင်း၌ မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ (၄-၈-၂၀၁၆) ရက်နေ့မှ (၆-၈-၂၀၁၆) ရက်နေ့ထိဖွင့်လှစ်သည့် သဘာဝဘေးအမျိုးမျိုးနှင့် ရှာဖွေကယ်ဆယ်ရေးဆင့်ပွားသင်တန်းတွင် မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများနှင့်စပ်လျဉ်း၍ ပို့ချခဲ့ပါသည်။ သင်တန်းသို့ ကျေးရွာ (၆) ရွာမှ သင်တန်းသား/သူ (၆၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)