မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်အတွင်း (၁-၈-၂၀၁၆) ရက်နေ့မှ (၃-၈-၂၀၁၆) ရက်နေ့ထိ ရေကြီး၍ ပြောင်းရွှေ့ခဲ့ရသည့် ဘေးသင့်အိမ်ထောင်စု (၁၀၃၂) စုမှ လူဦးရေ (၄၀၃၈) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၃,၆၃၄,၂၀၀) နှင့် ငါးသေတ္တာဖိုးထောက်ပံ့ငွေကျပ် (၉၂၈,၈၀၀) စုစုပေါင်းထောက်ပံ့ငွေကျပ် (၄,၅၆၃,၀၀၀) တိတိကို သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက (၄-၈-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events