Author Archives: RRD

  • မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၅)၊၂၀၁၆

    မုန်တိုင်းငယ်အ‌ခြေအနေ =========================== (က)ယနေ့မြန်မာစံတော်ချိန်(၁ဝး၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသောဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အရှေ့ဘက်သိူ့ အနည်းငယ် ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် (၁၉၇) မိုင်ခန့်၊ ပုသိမ်မြို့၏အနောက်တောင်ဘက် မိုင်(၃၂၀)ခန့်၊ ရန်ကုန်မြို့ ၏ အနောက်တောင်ဘက် မိုင်(၄၀၀)ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပို့လ်ဘလဲယား မြို့၏ အနောက်မြောက်ဘက် မိုင်(၂၁၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟို ပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အရှေ့-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီး၊ နောက်(၄၈)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ … Read more

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်တွင် အောင်စိုးမိုးအမြန်ရေယာဥ်တိမ်းမှောက်မှုသတင်း

This gallery contains 9 photos.

More Galleries | Leave a comment
  • မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၄)၊ (၂၂.၁၀.၂၀၁၆) လိမ္မော်ရောင်အဆင့်

    မုန်တိုင်းငယ်အ‌ခြေအနေ (၂၂.၁၀.၂၀၁၆) ===================================================== Source – DMH (က)ယနေ့မြန်မာစံတော်ချိန်(၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသောဘင်္ဂလားပင်လယ်အော် အရှေ့ တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် သိသိသာသာ ရွေ့လျားခြင်း မရှိပဲ ဆက်လက် တည်ရှိနေပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်ဘက် မိုင် (၂၀၀)ခန့်၊ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် မိုင်(၃၃၀)ခန့်၊ ရန်ကုန်မြို့ ၏ အနောက်-အနောက်တောင်ဘက် မိုင်(၄၀၀)ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပို့လ်ဘလဲယား မြို့၏ အနောက်-အနောက်မြောက်ဘက် မိုင်(၂၂၀)ခန့်အကွာ ပင်လယ်ပြင်ကို … Read more

  • ကျောက်တံခါးမြို့နယ်၊ ကွင်းတောင်ရပ်ကွက်တွင် မီးဘေးဖြစ်ပွားမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်တံခါးမြို့နယ်၊ ကွင်းတောင်ရပ်ကွက် (၃-၁၀-၂၀၁၆)ရက်နေ့ မီးဘေးသင့်ပြည်သူအတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုး (၂)သိန်း၊ လူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာ (၃)ရက်စာ (၄၅၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁)အိမ်ထောင်စာ အား (၁၈-၁၀-၂၀၁၆) ရက်နေ့တွင် ကျောက်တံခါး အထွေထွေအုပ်ချုပ်ရေးမှူးမှတဆင့် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

  • ဖြူးမြို့နယ်၊ ဇေယျဝတီမြို့တွင် မိုးကြိုးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၊ မြို့မ (၁)ရပ်ကွက်၊ ကြက်ပေါင်ချောင်းကျေးရွာအုပ်စု၊ သင်္ဘောမြောင်ကျေးရွာ (၂၄-၉-၂၀၁၆)ရက်နေ့တွင် ဖြစ်ပွားခဲ့သောမိုးကြိုးဘေးကြောင့် သေဆုံးသူ ဦးဘာရာလား  အတွက်ထောက်ပံ့ငေွကျပ်  (၁)သိန်းအား သေဆုံးသူ၏ အမွေခံသားဖြစ်သူထံသို့ (၁၈-၁၀-၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

  • အောင်စိုးမိုးကျော်အမြန်ရေယာဉ်နစ်မြှုပ်မှုသတင်း

    ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်နေ့၊ နံနက်(၅)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ မိချောင်းတွင်းကျေးရွာ အနီး ချင်းတွင်းမြစ်အတွင်းနစ်မြုပ်ခဲ့သည့် အောင်စိုးမိုးကျော်အမြန်ရေယာဉ်မှ ပျောက်ဆုံးနေသည့်ခရီးသည်များအား ဘုတလင်မြို့နယ်ရဲတပ်ဖွဲ့၏ ဦးဆောင် မှုဖြင့် တာဝန်ရှိသူများမှ မြစ်ကြောင်းတစ်လျှောက် လိုက်လံရှာဖွေဆယ်ယူ လျက်ရှိကြောင်း သိရှိရပါသည်။   ပျောက်ဆုံးခရီးသည်များ ရှာဖွေရာတွင် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်နေ့အထိ စုစုပေါင်း(၁၅၉)ဦးကို ကယ်တင်နိုင်ခဲ့ပြီး သေဆုံးသူစုစုပေါင်း (၇၂)ဦး၏ ရုပ်အလောင်းများကို ပြန်လည်ရှာဖွေတွေ့ရှိပြီး ဖြစ်ပါသည်။ သတင်း ဆက်သွယ်ပေးပို့မှုများအရ ပျောက်ဆုံးနေသည့် ခရီးသည်စုစုပေါင်း (၈)ဦး ကျန်ရှိနေသေးကြောင်း … Read more

  • စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်တွင် အောင်စိုးမိုးကျော် အမြန်ရေယာဉ်တိမ်းမှောက်မှုသတင်း

    ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့၊ နံနက် (၅) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်မိချောင်းတွင်း ကျေးရွာအနီး ချင်း တွင်းမြစ်အတွင်းနစ်မြုပ်ခဲ့သည့် အောင်စိုးမိုးကျော်အမြန်ရေယာဉ်မှ ပျောက်ဆုံးနေသည့် ခရီးသည်များအား ဘုတလင်မြို့နယ်ရဲတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများမှ မြစ်ကြောင်းတစ်လျှောက် လိုက်လံရှာဖွေဆယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။ ပျောက်ဆုံးခရီးသည်များရှာဖွေရာတွင် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့အထိ ကျား (၁၂) ဦး၊ မ (၄၃) ဦး၊ စုစုပေါင်း (၅၅) ဦးရှာဖွေတွေ့ ရှိခဲ့ပြီး ကျား … Read more

  • မြေငလျင်ဆိုင်ရာဖိုရမ် (Earthquake Forum) ကျင်းပပြုလုပ်မည့်သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ဦးဆောင်မှုဖြင့် (၂၂-၁၀-၂၀၁၆) ရက်နေ့၊ နံနက် (၀၈း၃၀) နာရီမှ ညနေ (၀၄း၃၀) နာရီအချိန်ထိမြေငလျင်ဆိုင်ရာဖိုရမ် (Earthquake Forum) ကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပညာရေးကောလိပ်ခန်းမ၊ ၃၃ x ၃၄ ကြား၊ ၆၇ x ၆၈ ကြား၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

  • စလင်းမြို့နယ်တွင် ကမ်းပြိုဘေး ကြိုတင်ရွှေ့ပြောင်းမှုအတွက် ထောက်ပံ့မှုသတင်း

    Source:  မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကြူတောအလယ််ကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးသွားခဲ့သော အိမ်ခြေ (၁၄) လုံး အိမ်ထောင်စု (၁၄) စု လူဦးရေ (၆၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁၄) အိမ်ထောင်စု၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၈၀၀၀၀ိ/-) နှင့် ဆန်ရိက္ခာဖိုး (၅၉၄၀၀ိ/-) ကျပ်တို့ကို တိုင်းဦးစီးမှူးရုံး ကယ်ဆယ်ရေးမှ တာဝန်ရှိသူများက (၁၈-၁၀-၁၆) ရက်နေ့က သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events