အောင်စိုးမိုးကျော်အမြန်ရေယာဉ်နစ်မြှုပ်မှုသတင်း

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်နေ့၊ နံနက်(၅)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ မိချောင်းတွင်းကျေးရွာ အနီး ချင်းတွင်းမြစ်အတွင်းနစ်မြုပ်ခဲ့သည့် အောင်စိုးမိုးကျော်အမြန်ရေယာဉ်မှ ပျောက်ဆုံးနေသည့်ခရီးသည်များအား ဘုတလင်မြို့နယ်ရဲတပ်ဖွဲ့၏ ဦးဆောင် မှုဖြင့် တာဝန်ရှိသူများမှ မြစ်ကြောင်းတစ်လျှောက် လိုက်လံရှာဖွေဆယ်ယူ လျက်ရှိကြောင်း သိရှိရပါသည်။

 

ပျောက်ဆုံးခရီးသည်များ ရှာဖွေရာတွင် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်နေ့အထိ စုစုပေါင်း(၁၅၉)ဦးကို ကယ်တင်နိုင်ခဲ့ပြီး သေဆုံးသူစုစုပေါင်း (၇၂)ဦး၏ ရုပ်အလောင်းများကို ပြန်လည်ရှာဖွေတွေ့ရှိပြီး ဖြစ်ပါသည်။ သတင်း ဆက်သွယ်ပေးပို့မှုများအရ ပျောက်ဆုံးနေသည့် ခရီးသည်စုစုပေါင်း (၈)ဦး ကျန်ရှိနေသေးကြောင်း သိရှိရပါသည်။

 

အဆိုပါ သင်္ဘောနစ်မြုပ်မှုအတွင်း ပျောက်ဆုံးနေသေးသည့် မိသားစုဝင်များအား ဆက်သွယ်စုံစမ်းနိုင်ရန်အတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ Hot Line ဖုန်းနံပါတ် (၀၆၇-၄၀၄၆၆၆/ ၄၀၄၇၇၇)နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ကယ်ဆယ်ရေးဦးစီးမှူးရုံး၊ ဖုန်းနံပါတ်(၀၇၁-၂၃၂၂၁)တို့ထံသို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

Sign Up

Upcoming Events