စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်တွင် အောင်စိုးမိုးကျော် အမြန်ရေယာဉ်တိမ်းမှောက်မှုသတင်း

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့၊ နံနက် (၅) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်မိချောင်းတွင်း ကျေးရွာအနီး ချင်း တွင်းမြစ်အတွင်းနစ်မြုပ်ခဲ့သည့် အောင်စိုးမိုးကျော်အမြန်ရေယာဉ်မှ ပျောက်ဆုံးနေသည့် ခရီးသည်များအား ဘုတလင်မြို့နယ်ရဲတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများမှ မြစ်ကြောင်းတစ်လျှောက် လိုက်လံရှာဖွေဆယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။

ပျောက်ဆုံးခရီးသည်များရှာဖွေရာတွင် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့အထိ ကျား (၁၂) ဦး၊ မ (၄၃) ဦး၊ စုစုပေါင်း (၅၅) ဦးရှာဖွေတွေ့ ရှိခဲ့ပြီး ကျား (၅) ဦး၊ မ (၁၅) ဦး၊ စုစုပေါင်း (၂၀) ဦး၏ ရုပ်အလောင်းများမှာ ပိုင်ရှင်တွေ့ရှိပြီးဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့ အထိ ပိုင်ရှင်မတွေ့သေးဘဲ ကျန်ရှိနေသေးသည့် ရုပ်အလောင်း (၃၅) ခုရှိပါသည်။

အဆိုပါ သင်္ဘောနစ်မြုပ်မှုအတွင်း ပျောက်ဆုံးနေသေးသည့် မိသားစုဝင်များ အား ဆက်သွယ်စုံစမ်းနိုင်ရန်အတွက် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဦးစီးဌာန Hot Line ဖုန်းနံပါတ် (၀၆၇-၄၀၄၆၆၆/၄၀၄၇၇၇)နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးဦးစီးမှူးရုံး(၀၇၁-၂၃၂၂၁) တို့ထံသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Sign Up

Upcoming Events