ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်တံခါးမြို့နယ်၊ ကွင်းတောင်ရပ်ကွက် (၃-၁၀-၂၀၁၆)ရက်နေ့ မီးဘေးသင့်ပြည်သူအတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုး (၂)သိန်း၊ လူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာ (၃)ရက်စာ (၄၅၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁)အိမ်ထောင်စာ အား (၁၈-၁၀-၂၀၁၆) ရက်နေ့တွင် ကျောက်တံခါး အထွေထွေအုပ်ချုပ်ရေးမှူးမှတဆင့် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။