လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ဦးဆောင်မှုဖြင့် (၂၂-၁၀-၂၀၁၆) ရက်နေ့၊ နံနက် (၀၈း၃၀) နာရီမှ ညနေ (၀၄း၃၀) နာရီအချိန်ထိမြေငလျင်ဆိုင်ရာဖိုရမ် (Earthquake Forum) ကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပညာရေးကောလိပ်ခန်းမ၊ ၃၃ x ၃၄ ကြား၊ ၆၇ x ၆၈ ကြား၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။