Author Archives: RRD
-
မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးအဖွဲ့နှင့် ကယ်ဆယ်ရေးဌာန(ရုံးချုပ်) မှ ညွှန်ကြားရေးမှူးတို့သည် မောင်တောမြို့နယ် တိုင်းရင်းသားကျေးရွာ (၁၀)ရွာအတွင်းရှိ အိမ်ထောင်စု (၅၂၄)စု အတွက် ဆန်၊ ဆီ၊ ပဲ၊ ဆာ၊ ငါးခြောက်တို့အား (၂၆-၁၁-၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် (WFP) တို့ပူးပေါင်း၍ အရေးပေါ်တုံ့ပြန်ရေးအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုအစီအမံများ ဆောင်ရွက်နိုင်ရန်အလို့ငှာ မြန်မာနိုင်ငံအတွင်းရှိ ဘေးအန္တရာယ်ဖြစ်စဉ်၊ ဘေးအန္တရာယ်ပုံစံနှင့် ထိခိုက်ခံစားလွယ်မှုကို လေ့လာဆန်းစစ်ရန်၊ ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ်အပေါ်အခြေခံ၍ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ သတ်မှတ်နိုင်ရန်၊ အရေးပေါ်တုံ့ပြန်မှုဆောင်ရွက်ရာတွင် လက်ရှိအသင့်ပြင်ဆင်ထားမှုများအား ရှင်းလင်းဆွေးနွေးနိုင်ရန်၊ အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့အစည်းများအား မည်သို့ပံ့ပိုးပေးမည်ကို ဆွေးနွေးနိုင်ရန်၊ အရေးပေါ်အခြေအနေတွင် အစိုးရ၊ WFP အပါအဝင် အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့် မည်ကဲ့သို့ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်မည်ကို ဆွေးနွေးမှုများပြုလုပ်ရန် ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲအား (၂၈-၁၁-၂၀၁၆)ရက်နေ့ (၀၉၀၀)အချိန်မှ (၁၇၀၀)အချိန်ထိ Royal … Read more
-
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်တွင် ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကြူတောအလယ်ကျေးရွာ၊ အချင်းပြစ်မြောက်ကျေးရွာနှင့် ဆင်ပွတ်ကျေးရွာများတွင် (၁၆-၁၁-၁၆)ရက်နေ့မှ (၁၇-၁၁-၁၆) ရက်နေ့ထိဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ထောင်စု (၃၉)စု၊ လူဦးရေ (၁၆၈)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၇၈၀,၀၀၀) နှင့် ဆန်ဖိုးငွေကျပ် (၁၅၁,၂၀၀)၊ စုစုပေါင်း (၉၃၁,၂၀၀)အား (၂၅-၁၁-၂၀၁၆)ရက်နေ့တွင် စလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
Consultation Workshop on Enhancing Disaster Dataset in Urban Context through Myanmar Disaster Loss and Damage Database ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် UNDP တို့ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် UNDP တို့ပူးပေါင်း၍ မြို့ပြဒေသများတွင် ကိန်းဂဏန်းအချက်အလက်များကို စုစည်းထိန်းသိမ်းနိုင်မည့်နည်း စနစ်များကို ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် Consultation Workshop on Enhancing Disaster Dataset in Urban Context through Myanmar Disaster Loss and Damage Database အလုပ်ရုံဆွေးနွေးပွဲကို (၂၅-၁၁-၂၀၁၆) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် Park Royal ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှ … Read more
-
မီးဘေးအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေထောက်ပံ့မှုသတင်း
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) သံတွဲမြို့နယ်၊ သာယာကုန်းအုပ်စု၊ ကျားကိုက်ကျေးရွာနေ (၁၆.၁၁.၂၀၁၆) ရက်နေ့ (၁၃း၁၅) အချိန်၌ ဖြစ်ပွားသော မီဘေးအတွက် ရခိုင် ပြည်နယ်ဦးစီးမှူးရုံးမှ (ကဆရ) မှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၅ဝဝဝဝိ/-) ကျပ်နှင့် ဆန်ရိက္ခာဖိုး (၃) ရက်စာ (၃၆ဝဝိ/-) ကျပ်တို့အား (၂၃.၁၁.၂၀၁၆) ရက်နေ့တွင် သံတွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
မိုးကြိုးပစ်သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့မှုသတင်း
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) သံတွဲမြို့နယ်၊ ကျောင်းကုန်းကျေးရွာသစ် (ဘ) ဦးသိန်းထွန်း၊ မမေမေဇော် အသက် (၁၈) နှစ်သည် (၈.၁၀.၂၀၁၆) ရက်နေ့ (၁၇း၀၀) အချိန်တွင် မိုးကြိုးပစ်ခံရ၍ သေဆုံးမှုဖြစ်ပွားခဲ့ရာ အဆိုပါသေဆုံးသူအတွက် ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ (ကဆရ) မှတာဝန်ရှိသူများသည် ထောက်ပံ့ငွေ (၁ဝဝဝဝဝိ/-) ကျပ်အား (၂၃.၁၁.၂၀၁၆) ရက်နေ့တွင် သံတွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
ချင်းပြည်နယ်တွင် အဂတိလိုက်စားမှုကင်းရှင်းရေးဟောပြောပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ မူကြိုကျောင်းတွင် ဝန်ထမ်းများ၏ ပြည်သူ့အကျိုးဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရေးနှင့် အဂတိလိုက်စားမှု ကင်းရှင်းရေးဟောပြောပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို (၂၂-၁၁-၂၀၁၆)ရက်နေ့ (၁၀၀၀)အချိန်တွင် ကျင်းပခဲ့ရာ ထိုအခမ်းအနားသို့ (၂၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး နှင့် World Vision (ကျိုင်းတုံ)တို့ပူးပေါင်းပြီး ရာသီဥတုဆိုးရွားလာမှုနှင့်ဘေးအန္တရာယ် ကျရောက်လာမှုအပေါ် ခံနိုင်ရည်စွမ်းမြှင့်တင်ခြင်းနှင့် လိုက်လျောညီထွေစွာနေထိုင်ခြင်းဆိုင်ရာ မြို့နယ်အဆင့်တွေ့ဆုံဆွေးနွေးပွဲ
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ) (၂၃-၁၁-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး နှင့် World Vision (ကျိုင်းတုံ) တို့ပူးပေါင်းပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုကိုခံယူလျက် ရာသီဥတုဆိုးရွားလာမှု နှင့်ဘေးအန္တရာယ်ကျရောက်လာမှုအပေါ်ခံနိုင်ရည်စွမ်းမြှင့်တင်ခြင်းနှင့် လိုက်လျောညီထွေစွာနေထိုင်ခြင်းဆိုင်ရာ မြို့နယ်အဆင့် တွေ့ဆုံဆွေးနွေးပွဲ ကို ကျိုင်းတုံမြို့၊ ဟော်တယ်သစ်တွင် နံနက် (၀၉း၀၀) မှ (၁၂း၀၀) နာရီအချိန်ထိ ကျင်းပြုလုပ်ခဲ့ရာ လူဦးရေ (၆၇) ဦးတက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ၊ဦးကောင်းစံဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးမြင့်အောင်မှ … Read more
-
မူဆယ်မြို့နယ်တွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရှိသူများအား ထောက်ပံ့မှုသတင်း
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ) (၂၀-၁၁-၂၀၁၆) ရက်နေ့တွင် မူဆယ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကြောင့် လားရှိုးမြို့၊ ပြည်သူ့ဆေးရုံနှင့် တပ်မတော်စစ်ဆေးရုံတို့တွင် ဒဏ်ရာရရှိသော ပြည်သူ (၂) ဦးနှင့် ရဲတပ်ဖွဲ့ဝင် (၅) ဦး၊ စစ်သည် (၇) ဦး စုစုပေါင်း ဒဏ်ရာရရှိသူ (၁၄) ဦးတို့အား (၁) ဦးလျှင် (၅၀,၀၀၀/-) နှုန်းဖြင့် ထောက်ပံ့ငွေ (၇၀၀,၀၀၀/-) ကို လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက (၂၃-၁၁-၂၀၁၆) ရက်နေ့၌ သွားရောက် ထောက်ပံ့ပေးပြီးဖြစ်ကြောင်း … Read more
-
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်အား IRW အဖွဲ့အစည်းမှ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်အတွင်း ကမ်းရိုးတန်းဒေသများ၌ ဘက်စုံသုံးဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံအဆောက်အအုံ (Multi-Purpose Cyclone Roof Shelter) ဆောက်လုပ်လှူဒါန်းလိုသည့်ကိစ္စနှင့်စပ်လျဉ်း၍ လာရောက်တွေ့ဆုံရှင်းလင်းမှုသတင်း
(၂၂-၁၁-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်အား IRW အဖွဲ့အစည်းမှ ကိုယ်စားလှယ်များသည် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်အတွင်း ကမ်းရိုးတန်းဒေသများ၌ ဘက်စုံသုံးဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံအဆောက်အအုံ (Multi-Purpose Cyclone Roof Shelter) (၂၇) လုံး ဆောက်လုပ်လှူဒါန်းလိုသည့်ကိစ္စနှင့်စပ်လျဉ်း၍ လာရောက်တွေ့ဆုံရာ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လက်ခံခဲ့ကြကြောင်း သိရှိရပါသည်။
