ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် UNDP တို့ပူးပေါင်း၍ မြို့ပြဒေသများတွင် ကိန်းဂဏန်းအချက်အလက်များကို စုစည်းထိန်းသိမ်းနိုင်မည့်နည်း စနစ်များကို ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် Consultation Workshop on Enhancing Disaster Dataset in Urban Context through Myanmar Disaster Loss and Damage Database အလုပ်ရုံဆွေးနွေးပွဲကို (၂၅-၁၁-၂၀၁၆) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် Park Royal ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှ တာ၀န်ရှိပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ ကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။