မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်တွင် ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကြူတောအလယ်ကျေးရွာ၊ အချင်းပြစ်မြောက်ကျေးရွာနှင့် ဆင်ပွတ်ကျေးရွာများတွင် (၁၆-၁၁-၁၆)ရက်နေ့မှ (၁၇-၁၁-၁၆) ရက်နေ့ထိဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ထောင်စု (၃၉)စု၊ လူဦးရေ (၁၆၈)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၇၈၀,၀၀၀) နှင့် ဆန်ဖိုးငွေကျပ် (၁၅၁,၂၀၀)၊ စုစုပေါင်း (၉၃၁,၂၀၀)အား (၂၅-၁၁-၂၀၁၆)ရက်နေ့တွင် စလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events