Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
(၂၃-၁၁-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး နှင့် World Vision (ကျိုင်းတုံ) တို့ပူးပေါင်းပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုကိုခံယူလျက် ရာသီဥတုဆိုးရွားလာမှု နှင့်ဘေးအန္တရာယ်ကျရောက်လာမှုအပေါ်ခံနိုင်ရည်စွမ်းမြှင့်တင်ခြင်းနှင့် လိုက်လျောညီထွေစွာနေထိုင်ခြင်းဆိုင်ရာ မြို့နယ်အဆင့် တွေ့ဆုံဆွေးနွေးပွဲ ကို ကျိုင်းတုံမြို့၊ ဟော်တယ်သစ်တွင် နံနက် (၀၉း၀၀) မှ (၁၂း၀၀) နာရီအချိန်ထိ ကျင်းပြုလုပ်ခဲ့ရာ လူဦးရေ (၆၇) ဦးတက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ၊ဦးကောင်းစံဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးမြင့်အောင်မှ မြန်မာ နိုင်ငံ၏ သဘာဝဘေးစီမံခန့်ခွဲမှုအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။