ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် (WFP) တို့ပူးပေါင်း၍ အရေးပေါ်တုံ့ပြန်ရေးအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုအစီအမံများ ဆောင်ရွက်နိုင်ရန်အလို့ငှာ မြန်မာနိုင်ငံအတွင်းရှိ ဘေးအန္တရာယ်ဖြစ်စဉ်၊ ဘေးအန္တရာယ်ပုံစံနှင့် ထိခိုက်ခံစားလွယ်မှုကို လေ့လာဆန်းစစ်ရန်၊ ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ်အပေါ်အခြေခံ၍ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ သတ်မှတ်နိုင်ရန်၊ အရေးပေါ်တုံ့ပြန်မှုဆောင်ရွက်ရာတွင် လက်ရှိအသင့်ပြင်ဆင်ထားမှုများအား ရှင်းလင်းဆွေးနွေးနိုင်ရန်၊ အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့အစည်းများအား မည်သို့ပံ့ပိုးပေးမည်ကို ဆွေးနွေးနိုင်ရန်၊ အရေးပေါ်အခြေအနေတွင် အစိုးရ၊ WFP အပါအဝင် အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့် မည်ကဲ့သို့ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်မည်ကို ဆွေးနွေးမှုများပြုလုပ်ရန် ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲအား (၂၈-၁၁-၂၀၁၆)ရက်နေ့ (၀၉၀၀)အချိန်မှ (၁၇၀၀)အချိန်ထိ Royal ACE Hotel ၊ နေပြည်တော်တွင် ကျင်းပပြုလုပ်လျက်ရှိကြောင်းသတင်းရရှိပါသည်။