Author Archives: RRD
-
မောင်းတောမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်ထောက်ပံ့မှုသတင်း
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်လိုက်ပါ၍ မောင်းတောမြို့နယ်အတွင်း ကျေးရွာ (၈)ရွာမှ အိမ်ခြေ (၂၇၉၇) အိမ်အတွက် အဝတ်အထည်များ၊ ဓါတ်ဆားများနှင့် ဆေးဝါးများအား (၉-၁၂-၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးတွင် Mobile Application အသုံးပြုနည်းဆင့်ပွားသင်တန်းဖွင့်လှစ်မှု သတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ (၉-၁၂-၂၀၁၆)ရက်နေ့ နံနက် (၁ဝဝဝ) နာရီအချိန်တွင် DAN Mobile Application နှင့် KOBO Mobile Application အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်လှစ်ခဲ့ရာ တိုင်းဒသကြီးဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသူ/သားများအား သင်တန်းနှင့် ပတ်သက်သည့် အချက်အလက်များအား ဦးစီးမှူးနှင့် ဒုတိယဦးစီးမှူးတို့မှ ရှင်းလင်းပြောကြားခဲ့ရာ အဆိုပါ သင်တန်းသို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်း (၄)ဦး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်း (၅)ဦး၊ မီးသတ်ဦးစီးဌာနမှဝန်ထမ်း (၅)ဦး၊စုစုပေါင်းဝန်ထမ်း (၁၄)ဦးတို့တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ရန်ကုန်တိုင်းဒေသကြီးတွင် မြေငလျင်ဆိုင်ရာဖိုရမ်ဗွီနိုင်းဆိုင်းဘုတ်များစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ဦးဆောင်ဖြင့် (၈-၁၀-၂၀၁၆) ရက်နေ့ကျင်းပမည့် မြေငလျင်ဆိုင်ရာဖိုရမ်ဗွီနိုင်းဆိုင်းဘုတ်များအား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးရှေ့နှင့် ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းရှေ့၊ Day Care Centre ရှေ့၊ လူမှုဝန်ထမ်းဦးစီး တိုင်းဒေသကြီးဦးစီးမှူးရုံးရှေ့များတွင် (၄-၁၀-၂၀၁၆)နေ့တွင်စိုက်ထူပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများမှ လာရောက်တွေ့ဆုံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား (၉-၁၂-၂၀၁၆) နံနက် (၉)နာရီတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူကုန်ကူးမှုစောင့်ကြည့်ရေးနှင့်တိုက်ဖျက်ရေးရုံးမှ H.E. Ms. Susan Coppedge နှင့် အဖွဲ့သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Mr. Scot Marciel လိုက်ပါလျက် အဆိုပါဝန်ကြီးရုံး မေခလာခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေသောလူကုန်ကူးခံရသူများအား ပြန်လည်ခေါ်ယူရေးလုပ်ငန်းများ၊ ယာယီစောင့်ရှောက်ရေး ဌာနများတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ယူစောင့်ရှောက်မှုများ၊ မိသားစုနှင့်ပြန်လည်ပေါင်းစည်းရေး နှင့်နောက်ဆက်တွဲ စောင့်ရှောက်မှု … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကော့သောင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ/ဆရာမများ အပါအဝင် ကျောင်းသား/သူ ဦးရေ (၄၀၀)ကျော်အား (၈-၁၂-၂၀၁၆) ရက်နေ့က ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ကဆရ) နှင့် မီးသတ်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လူမှုဝန်ထမ်၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်အား တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူက လာရောက်တွေ့ဆုံမှုသတင်း
Source: MSWRR နေပြည်တော်၊ ဒီဇင်ဘာလ(၈) လူမှုဝန်ထမ်၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်အား တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းမှ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Liu Wei ဦးဆောင်သောအဖွဲ့မှ ယနေ့နံနက် (၉) နာရီတွင် အဆိုပါ ဝန်ကြီးဌာနရှိ အမြဲတမ်းအတွင်းဝန်ဧည့်ခန်း၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာ၌ သဘာဝဘေးအန္တရာယ် တုံ့ပြန်ကယ်ဆယ်ရေးလုပ်ငန်းများတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကူညီ ထောက်ပံ့မှုများ၊ တရုတ်-မြန်မာယဉ်ကျေးမှု၊ လူမှုရေးဖလှယ်ခြင်းဆိုင်ရာကိစ္စရပ်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဗုဒ္ဓဘာသာ ဆရာတော် အရှင်သူမြတ်များမြန်မာနိုင်ငံသို့လာရောက်၍ ပရဟိတလုပ်ငန်းများဆောင်ရွက်ရေးကိစ္စများ၊ တရုတ်နိုင်ငံမှ ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများမှ မြန်မာနိုင်ငံတွင် ပရဟိတလုပ်ငန်းများအလှူအတန်းလုပ်ဆောင်နိုင်ရန်အတွက် … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ပုဗ္ဗသီရိမြို့နယ်၊ အ.ထ.က (၂၀) ၌ကျောင်းသားကျောင်းသူ (၄၅၀) ဦးအား (၈-၁၂-၂၀၁၆) ရက်နေ့တွင် ပြည်ထောင်စုမြေ ဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ဥတ္တရသီရိမြို့နယ်၊ အ.ထ.က (၁၂) ၌ကျောင်းသားကျောင်းသူ (၂၀၀) ဦးအား (၇-၁၂-၂၀၁၆) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ ဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပမှုသတင်း
Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) ကော့သောင်းခရိုင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဦးဆောင်ကာ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက် အထက်တန်း ကျောင်း၌ (၇-၁၂-၂၀၁၆) ရက်နေ့တွင် သဘာဝဘေးအသိပညာများဟောပြောပွဲပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမအပါအဝင် ကျောင်းသား၊ ကျောင်းသူ ပေါင်း (၃၀၀) ဦး တက်ရောက်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သော လက်ကမ်းစာစောင်များလည်း ဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါ သည်။
-
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရန် ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပမှုသတင်း
ရခိုင်ပြည်နယ်အတွင်း ကုလသမဂ္ဂနှင့်နိုင်ငံတကာ အသင်းအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့်ပေါင်းစပ်ညှှိနှိုင်းရေး ကော်မတီ၏ လုပ်ငန်းများအဆင်ပြေ ချောမွေ့စေရန်အတွက် ပိုမိုသွက်လက်စွာ ဆောင်ရွက်နိုင်ရေး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ဦးဆောင်၍ ယနေ့နံနက်ပိုင်းတွင် ပေါင်းစပ်ညှိနှိုင်းရေးအစည်းအဝေး ပြုလုပ်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ လုပ်ငန်းများနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ လူမှုအဖွဲ့အစည်းများမှပုဂ္ဂိုလ်များ၊ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ဝင်မြို့မိမြို့ဖများ တက်ရောက်ခဲ့ပါ သည်။ ပထမဦးစွာ ရခိုင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းရေး … Read more
