Author Archives: RRD
-
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် (၂၉-၇-၂၀၁၅) ရက်နေ့မှ (၁၇-၈-၂၀၁၅) ရက်နေ့အထိ အလှူငွေစုစုပေါင်း ကျပ် (၁၅၆၂၈,၄၃,၄၂၂/-)၊ အမေရိကန်ဒေါ်လာ (၆၂၉၅၉၆.၆၇)၊ ထိုင်းဘတ် (၁၆၈၀၅၅)နှင့် မလေးရှားရင်းဂစ် (၂၀၀၀) လက်ခံရရှိမှုအခြေအနေသတင်း
မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက်လှူဒါန်းလျက်ရှိရာ (၁၇-၈-၂၀၁၅) နေ့တွင် နေပြည်တော်အလှူခံဌာန၌ အမျိုးသားကြီးပွားတိုးတက်ရေး၊ ရွှေတူးဖော်ထုတ်လုပ်ရေးအုပ်စုလီမိတက်၊ မိုးထိမိုးမိရွှေတောင်ကြီး၊ ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားရေးအဖွဲ့မှ အလှူငွေကျပ်သိန်း (၁,၀၀၀)၊ ဦးစိန်၀င်း၊ ကျောက်စိမ်းတောင်ကျောက်မျက်ကုမ္ပဏီမှ အလှူငွေကျပ် သိန်း (၁,၀၀၀)နှင့် ဦးအောင်ဘိုဦး (Royal Home Pro, Co.,) မှ အလှူငွေကျပ်သိန်း(၅၀)၊ မဘိမ်းမြို့နယ် စေတနာရှင်ပြည်သူများမှ အလှူငွေကျပ်သိန်း … Read more
-
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ (၂၀၁၅) ခုနှစ်၊ ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လ (၁၇) ရက်နေ့အထိ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ရေဘေးထောက်ပံ့မှုအခြေအနေသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ (၂၀၁၅) ခုနှစ်၊ ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လ (၁၇) ရက်နေ့အထိ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ရေဘေးထောက်ပံ့မှုအခြေအနေများအား အောက်ပါ ဇယားတွင် လေ့လာနိုင်သည်- ရေဘေးထောက်ပံ့မှုဇယားချုပ် ရေဘေးထောက်ပံ့မှုအသေးစိတ်ဇယား
-
မြန်မာနိုင်ငံအတွင်း ရေဘေးသင့်ပြည်သူများအတွက် (၁၆-၈-၂၀၁၅) ရက်နေ့မှ (၁၇-၈-၂၀၁၅) ရက်နေ့အထိ ပြည်တွင်း/ပြည်ပအလှူရှင်များမှ လှူဒါန်းသည့် အလှူပစ္စည်းရရှိမှုနှင့် အလှူပစ္စည်းများအား ရေဘေးသင့်ဒေသများသို့ ပြန်လည်ပေးပို့သည့်အခြေအနေသတင်း
(၁၆-၈-၂၀၁၅) ရက်နေ့မှ (၁၇-၈-၂၀၁၅) ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း ရေဘေးသင့် ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန လက်အောက်ရှိ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် နေပြည်တော်သို့ ပြည်တွင်း/ပြည်ပအလှူရှင်များမှ လှူဒါန်းသည့် အလှူပစ္စည်းရရှိမှုစာရင်းများအား အောက်ပါဇယားတွင် လေ့လာနိုင်ပါသည်- အလှူပစ္စည်းလက်ခံရရှိမှုစာရင်း
-
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ (၂၀၁၅) ခုနှစ်၊ ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လ (၁၆) ရက်နေ့အထိ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ရေဘေးထောက်ပံ့မှုအခြေအနေသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ (၂၀၁၅) ခုနှစ်၊ ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လ (၁၆) ရက်နေ့အထိ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ရေဘေးထောက်ပံ့မှု အခြေအနေများအား အောက်ပါ ဇယားတွင် လေ့လာနိုင်သည်- ရေဘေးထောက်ပံ့မှုဇယားချုပ် ရေဘေးထောက်ပံ့မှုအသေးစိတ်ဇယား
-
ရေဘေးသင့်ပြည်သူများအတွက် (၂၉-၇-၂၀၁၅) ရက်နေ့မှ (၁၆-၈-၂၀၁၅) ရက်နေ့အထိ အလှူငွေစုစုပေါင်း ကျပ် (၁၂၉၈၇,၂၈,၈၅၂/-)၊ အမေရိကန်ဒေါ်လာ (၅၀၆၆၉၆.၆၇)၊ ထိုင်းဘတ် (၈၉၁၀၀)နှင့် မလေးရှားရင်းဂစ် (၂၀၀၀) လက်ခံရရှိမှုအခြေအနေသတင်း
မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေးဘေးသင့်ပြည်သူများအတွက်အလှူငွေနှင့် ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူး ရုံးများသို့ လာရောက်လှူဒါန်းလျှက်ရှိရာ (၁၅-၈-၂၀၁၅)ရက်နေ့နှင့် (၁၆-၈-၂၀၁၅) ရက်နေ့တွင် နေပြည်တော် (ရုံးချုပ်)၊အလှူခံဌာန၌လှူဒါန်းငွေရရှိမှုမရှိပါ။ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင်(၁၅-၈-၂၀၁၅)ရက်နေ့၌ငွေကျပ် (၂၈,၅၇၆၀၀/-) နှင့် (၁၆-၈-၂၀၁၅) ရက်နေ့၌ငွေကျပ်(၃၂,၅၀,၀၀၀/-)၊ စုစုပေါင်း ငွေကျပ် (၆၁,၀၇,၆၀၀/-)နှင့် အလှူပစ္စည်းမျိုးစုံတို့ကို ဦးကြည်သာ၊ ညွှန်ကြားရေးမှူးက လက်ခံရယူကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည် ပေးအပ်ခဲ့ကြပါသည်။ သို့ဖြစ်ပါ၍(၂၉-၇-၂၀၁၅) ရက်နေ့မှ (၁၆-၈-၂၀၁၅)ရက် နေ့အထိ … Read more
-
မြန်မာနိုင်ငံအတွင်း ရေဘေးသင့်ပြည်သူများအတွက် (၁၅-၈-၂၀၁၅) ရက်နေ့မှ (၁၆-၈-၂၀၁၅)ရက်နေ့အထိ ပြည်တွင်း/ပြည်ပအလှူရှင် များမှ လှူဒါန်းသည့် အလှူပစ္စည်းရရှိမှုနှင့် အလှူပစ္စည်းများအား ရေဘေးသင့်ဒေသများသို့ ပြန်လည်ပေးပို့သည့်အခြေအနေသတင်း
(၁၅-၈-၂၀၁၅) ရက်နေ့မှ (၁၆-၈-၂၀၁၅) ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း ရေဘေးသင့် ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီး ဌာနလက်အောက်ရှိ ရန်ကုန်တိုင်းဒေသကြီး ဦးစီး မှူးရုံး၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် နေပြည်တော်သို့ ပြည်တွင်း/ပြည်ပအလှူရှင်များမှ လှူဒါန်းသည့် အလှူပစ္စည်းရရှိမှု စာရင်းနှင့် အလှူပစ္စည်းများအား ရေဘေးသင့်ဒေသများသို့ ပြန်လည်ပေးပို့ သည့်စာရင်းများအားအောက်ပါ ဇယားတွင် လေ့လာနိုင်ပါသည်- အလှူပစ္စည်းလက်ခံရရှိမှုနှင့် ရေဘေးသင့်ဒေသများသို့ ပြန်လည်ပေးပို့သည့်ပစ္စည်းစာရင်း
-
(၁၆-၈-၂၀၁၅) ခုနှစ်၊ နံနက် (၁၀း၃၀) နာရီအချိန်ခန့်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) သို့လိုအပ်သော နည်းပညာ ဆိုင်ရာများ ပံ့ပိုးကူညီရန်ရောက်ရှိနေသည့် AHA Centre မှ ကိုယ်စားလှယ်များ၊ မိုးလေဝနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(DMH) နှင့် NGO၊ INGO အဖွဲ့အစည်းများမှ ရှင်းလင်းတင်ပြချက်များကို အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဘုန်းဆွေမှလိုအပ်သည် များကိုဆွေးနွေးညှိနှိုင်းစဉ်
(၁၆-၈-၂၀၁၅) ခုနှစ်၊ နံနက် (၁၀း၃၀) နာရီအချိန်ခန့်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ အရေးပေါ်အခြေ အနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) သို့ လိုအပ်သောနည်းပညာဆိုင်ရာများ ပံ့ပိုးကူညီရန်ရောက်ရှိနေသည့် အာဆီယံ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှုအကူအညီပေးရေး ညှိနှိုင်းမှု ဌာန (ASEAN Coordinating Centre For Humanitarian Assistance on Disaster Management – AHA Centre) မှ ကိုယ်စားလှယ်များ၊ (United States Forest Service) မှ … Read more
-
မြန်မာနိုင်ငံရေဘေးသင့်ဒေသများသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပေးပို့လှူဒါန်းသည့်အသက်ကယ်လှေ (၁၀၀)စီးနှင့် တွဲဖက်အသုံးပြုသောစက်(အင်ဂျင်)(ဓါတ်ဆီ) (၁၀၀)လုံးတို့အား ရန်ကုန်တိုင်းဒေသကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဦးအောင်ခင်ကလက်ခံရယူကာ မီးသတ်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးသန်းကျော်ကျော်ထံသို့လွှဲပြောင်းပေးအပ်မှုသတင်း
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှမြန်မာနိုင်ငံသို့ပေးပို့လှူဒါန်းသည့်အသက်ကယ်လှေ(၁၀၀)စီးနှင့် တွဲဖက်အသုံးပြုသော စက်(အင်ဂျင်)(ဓါတ်ဆီ) (၁၀၀)လုံးတို့အား တင်ဆောင်လာသည့်ရုရှားလေယာဉ်(AN124)၊ လေကြောင်းအမှတ် (VDA1516)သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Tianjinလေဆိပ်မှ (၁၅-၈-၂၀၁၅)ရက်နေ့ ဒေသစံတော်ချိန် (၁၈:၁၅) နာရီချိန်တွင် ထွက်ခွာလာပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယင်းနေ့ဒေသစံတော်ချိန် (၂၁:၄၀)နာရီချိန်တွင် ရောက်ရှိခဲ့ပါသည်။ အဆိုပါလေယာဉ်ဖြင့်ပါရှိလာသည့်အသက်ကယ်လှေ(၁၀၀)စီးနှင့် တွဲဖက်အသုံးပြုသောစက်(အင်ဂျင်)(၁၀၀)လုံးတို့အား(၁၅-၈-၂၀၁၅)ရက်နေ့ (၂၂:၀၀) နာရီချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အထူးဧည့်ခန်းမဆောင်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သံအမတ်ကြီးမှ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ ဦးအောင်ခင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ လမ်းပန်းဆက် သွယ်ရေးဝန်ကြီး၊ ဦးအောင်ခင်မှ မီးသတ်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးသန်းကျော်ကျော် ထံသို့(၂၂:၃၀)နာရီချိန်တွင် … Read more
-
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ (၂၀၁၅) ခုနှစ်၊ ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လ (၁၅) ရက်နေ့အထိ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ရေဘေးထောက်ပံ့မှုအခြေအနေသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ (၂၀၁၅) ခုနှစ်၊ ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လ (၁၅) ရက်နေ့အထိ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ရေဘေးထောက်ပံ့မှု အခြေအနေများအား အောက်ပါဇယားတွင် လေ့လာနိုင်သည်- ရေဘေးထောက်ပံ့မှုဇယားချုပ် ရေဘေးထောက်ပံ့မှုအသေးစိတ်ဇယား
-
မြန်မာနိုင်ငံအတွင်း ရေဘေးသင့်ပြည်သူများအတွက် (၁၅-၈-၂၀၁၅) ရက်နေ့တွင် ပြည်တွင်း/ပြည်ပအလှူရှင်များမှ လှူဒါန်းသည့် အလှူပစ္စည်းရရှိမှုနှင့် အလှူပစ္စည်းများအား ရေဘေးသင့်ဒေသများသို့ ပြန်လည်ပေးပို့သည့်အခြေအနေသတင်း
(၁၅-၈-၂၀၁၅) ရက်နေ့တွင် မြန်မာနိုင်ငံအတွင်း ရေဘေးသင့်ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန လက်အောက်ရှိ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် နေပြည်တော်သို့ ပြည်တွင်း/ပြည်ပအလှူရှင်များမှ လှူဒါန်းသည့် အလှူပစ္စည်းရရှိမှုစာရင်းနှင့် အလှူပစ္စည်းများအား ရေဘေးသင့်ဒေသများသို့ ပြန်လည်ပေးပို့သည့်စာရင်းများအား အောက်ပါဇယားတွင် လေ့လာနိုင်ပါသည်- အလှူပစ္စည်းလက်ခံရရှိမှုနှင့် ရေဘေးသင့်ဒေသများသို့ ပြန်လည်ပေးပို့သည့်ပစ္စည်းစာရင်း
