ရေဘေးသင့်ပြည်သူများအတွက် (၂၉-၇-၂၀၁၅) ရက်နေ့မှ (၁၆-၈-၂၀၁၅) ရက်နေ့အထိ အလှူငွေစုစုပေါင်း ကျပ် (၁၂၉၈၇,၂၈,၈၅၂/-)၊ အမေရိကန်ဒေါ်လာ (၅၀၆၆၉၆.၆၇)၊ ထိုင်းဘတ် (၈၉၁၀၀)နှင့် မလေးရှားရင်းဂစ် (၂၀၀၀) လက်ခံရရှိမှုအခြေအနေသတင်း

မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေးဘေးသင့်ပြည်သူများအတွက်အလှူငွေနှင့် ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူး ရုံးများသို့ လာရောက်လှူဒါန်းလျှက်ရှိရာ (၁၅-၈-၂၀၁၅)ရက်နေ့နှင့် (၁၆-၈-၂၀၁၅) ရက်နေ့တွင် နေပြည်တော် (ရုံးချုပ်)၊အလှူခံဌာန၌လှူဒါန်းငွေရရှိမှုမရှိပါ။

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင်(၁၅-၈-၂၀၁၅)ရက်နေ့၌ငွေကျပ် (၂၈,၅၇၆၀၀/-) နှင့် (၁၆-၈-၂၀၁၅) ရက်နေ့၌ငွေကျပ်(၃၂,၅၀,၀၀၀/-)၊ စုစုပေါင်း ငွေကျပ် (၆၁,၀၇,၆၀၀/-)နှင့် အလှူပစ္စည်းမျိုးစုံတို့ကို ဦးကြည်သာ၊ ညွှန်ကြားရေးမှူးက လက်ခံရယူကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည် ပေးအပ်ခဲ့ကြပါသည်။ သို့ဖြစ်ပါ၍(၂၉-၇-၂၀၁၅) ရက်နေ့မှ (၁၆-၈-၂၀၁၅​)ရက် နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာ ကျပ် (၁၂၉၈၇,၂၈,၈၅၂/-)၊ အမေရိကန်ဒေါ်လာ (၅၀၆၆၉၆.၆၇/-)၊ ထိုင်းဘတ် (၈၉၁၀၀)၊ မလေးရှားရင်းဂစ် (၂၀၀၀) ဖြစ်ပါသည်။ လက်ခံရရှိသောအလှူငွေပစ္စည်းများကို ရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့လျှက် ရှိပါ ကြောင်းသတင်းရရှိပါသည်။

အလှူငွေလက်ခံရရှိမှုစာရင်းအား အောက်ပါဇယားတွင် လေ့လာနိုင်ပါသည်-

အလှူလက်ခံရရှိမှုစာရင်း

 

Sign Up

Upcoming Events