တရုတ်ပြည်သူ့သမ္မတနိုင်ငံမှမြန်မာနိုင်ငံသို့ပေးပို့လှူဒါန်းသည့်အသက်ကယ်လှေ(၁၀၀)စီးနှင့် တွဲဖက်အသုံးပြုသော စက်(အင်ဂျင်)(ဓါတ်ဆီ) (၁၀၀)လုံးတို့အား တင်ဆောင်လာသည့်ရုရှားလေယာဉ်(AN124)၊ လေကြောင်းအမှတ် (VDA1516)သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Tianjinလေဆိပ်မှ (၁၅-၈-၂၀၁၅)ရက်နေ့ ဒေသစံတော်ချိန် (၁၈:၁၅) နာရီချိန်တွင် ထွက်ခွာလာပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယင်းနေ့ဒေသစံတော်ချိန် (၂၁:၄၀)နာရီချိန်တွင် ရောက်ရှိခဲ့ပါသည်။
အဆိုပါလေယာဉ်ဖြင့်ပါရှိလာသည့်အသက်ကယ်လှေ(၁၀၀)စီးနှင့် တွဲဖက်အသုံးပြုသောစက်(အင်ဂျင်)(၁၀၀)လုံးတို့အား(၁၅-၈-၂၀၁၅)ရက်နေ့ (၂၂:၀၀) နာရီချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အထူးဧည့်ခန်းမဆောင်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သံအမတ်ကြီးမှ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ ဦးအောင်ခင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ လမ်းပန်းဆက် သွယ်ရေးဝန်ကြီး၊ ဦးအောင်ခင်မှ မီးသတ်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးသန်းကျော်ကျော် ထံသို့(၂၂:၃၀)နာရီချိန်တွင် ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။