(၁၆-၈-၂၀၁၅) ခုနှစ်၊ နံနက် (၁၀း၃၀) နာရီအချိန်ခန့်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ အရေးပေါ်အခြေ အနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) သို့ လိုအပ်သောနည်းပညာဆိုင်ရာများ ပံ့ပိုးကူညီရန်ရောက်ရှိနေသည့် အာဆီယံ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှုအကူအညီပေးရေး ညှိနှိုင်းမှု ဌာန (ASEAN Coordinating Centre For Humanitarian Assistance on Disaster Management – AHA Centre) မှ ကိုယ်စားလှယ်များ၊ (United States Forest Service) မှ Mr. Don Price (EOC Advisor)၊WFP၊ JICA၊ MRCS၊ YACHIYO၊ UNDP၊ World Vision၊ Asean Secretarial၊ မိုးလေဝနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန(DMH)၊ ကုလသမဂ္ဂလူသား ချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ရေးရုံး (UNOCHA)၊ မြန်မာ့သတင်း အချက်အလက်စီမံမှုခန့်ခွဲမှုယူနစ် (MIMU)တို့မှ ကိုယ်စားလှယ် များအပါအဝင် တာဝန်ထမ်းဆောင်နေသူများမှ ၄င်းတို့ဆောင်ရွက်လျက်ရှိ သည့် လုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမကော်မတီ၊ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဘုန်းဆွေမှ လိုအပ်သည်များကိုဆွေးနွေးညှိနှိုင်းဖြည့်စွက်မှာ ကြားခဲ့ပါသည်။