မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက်လှူဒါန်းလျက်ရှိရာ (၁၇-၈-၂၀၁၅) နေ့တွင် နေပြည်တော်အလှူခံဌာန၌ အမျိုးသားကြီးပွားတိုးတက်ရေး၊ ရွှေတူးဖော်ထုတ်လုပ်ရေးအုပ်စုလီမိတက်၊ မိုးထိမိုးမိရွှေတောင်ကြီး၊ ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားရေးအဖွဲ့မှ အလှူငွေကျပ်သိန်း (၁,၀၀၀)၊ ဦးစိန်၀င်း၊ ကျောက်စိမ်းတောင်ကျောက်မျက်ကုမ္ပဏီမှ အလှူငွေကျပ် သိန်း (၁,၀၀၀)နှင့် ဦးအောင်ဘိုဦး (Royal Home Pro, Co.,) မှ အလှူငွေကျပ်သိန်း(၅၀)၊ မဘိမ်းမြို့နယ် စေတနာရှင်ပြည်သူများမှ အလှူငွေကျပ်သိန်း (၃၀) ကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်အလှူငွေစာရင်းအမှတ် (CF-002301) သို့ တိုက်ရိုက်ထည့်သွင်းလှူဒါန်းခြင်း၊ အမေရိကန် ဒေါ်လာ(၁၂၀၀၀၀)ကို မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ အလှူငွေစာရင်းအမှတ် (1DA-0300086) သို့ တိုက်ရိုက်ထည့်သွင်းလှူဒါန်းခြင်းအပါအ၀င် မြန်မာအလှူငွေစုစုပေါင်းကျပ် (၂၅၁၀,၂၄,၅၇၀/-)၊ အမေရိကန်ဒေါ်လာ (၁၂၀၀၀၀) ကို အမျိုးသားသဘာ၀ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဘုန်းဆွေနှင့် အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ အမြဲတမ်းအတွင်း၀န်တာ၀န်ခံ ညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်တို့က လက်ခံရယူကာ ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြပါသည်။
(၁၇-၈-၂၀၁၅)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ အလှူငွေကျပ် (၁၃၀,၉၀,၀၀၀/-)၊ အမေရိကန်ဒေါ်လာ (၂၉၀၀) နှင့် ထိုင်းဘတ် (၇၈၉၅၅) နှင့် အလှူပစ္စည်းမျိုးစုံတို့ကို စေတနာရှင်ပြည်သူများမှ လာရောက်လှူဒါန်းခဲ့ရာ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၁၇-၈-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာ ကျပ် (၁၅၆၂၈,၄၃,၄၂၂/-)၊ အမေရိကန် ဒေါ်လာ (၆၂၉၅၉၆.၆၇)၊ ထိုင်းဘတ် (၁၆၈၀၅၅)၊ မလေးရှားရင်းဂစ် (၂၀၀၀) ဖြစ်ပါသည်။ လက်ခံရရှိသောအလှူငွေနှင့်ပစ္စည်းများကို ရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့လျက်ရှိပါကြောင်း သတင်းရရှိပါသည်။
အလှူငွေလက်ခံရရှိမှုစာရင်းအား အောက်ပါဇယားတွင် လေ့လာနိုင်ပါသည်-