Author Archives: RRD

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ အိုင်တလုပ်ကျေးရွာ မြစ်ကမ်းပါးပြိုဘေးအတွက် ပြိုကျပျက်စီးအိမ်ခြေ (၁၁)လုံး၊ လူဦးရေ (၄၉) ဦးတို့အတွက် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၂-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၁၁) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန် (၃) ရက်စာဖိုး စုစုပေါင်း (၅၉၄,၁၀၀) တို့အား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • DAN Mobile Application နှင့် KOBO Mobile Application အသုံးပြုပုံအသုံးပြုနည်းများ အားရှင်းလင်းပြောကြားမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၂-၂၀၁၆) ရက်နေ့တွင် ဦးစီးဌာနမှ ဝန်ထမ်းများ၊ ထွေအုပ်၊ ပြန်ကြားရေးနှင့် မီးသတ်ဌာနဝန်ထမ်း စုစုပေါင်း (၁၁) ဦးတို့အား DAN Mobile Application နှင့် KOBO Mobile Application အသုံးပြုပုံ အသုံးပြုနည်းဆင့်ပွားသင်တန်းအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ Source:            မြောင်းမြခရိုင်ဦးစီးမှူးရုံး(ကဆရ)  

  • ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေး ကျင်းပပြုလုပ်မှုသတင်း

    နေပြည်တော် ဒီဇင်ဘာ ၂၇ နိုင်ငံတွင်းရှိ ကလေးသူငယ်များ၏ လူမှုရေးဘဝများလုံခြုံရေးကို ထိပါးလာသည့်အခြေအနေများ ဖြစ်ပေါ်လာရသည့်အတွက် သက်ငယ်မုဒိမ်းမှုများ လျော့နည်းသွားစေရေး၊ ဖြစ်ပေါ်လာပါက အလျင်အမြန်သိရှိသတင်းပို့တိုင်ကြားနိုင်ရေး၊ ထိခိုက်ခံစားရသောကလေးသူငယ်များ လိုအပ်မည့် အကူအညီများအား အလျင်အမြန် ပေးနိုင်ရေးနှင့် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးရေးတို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောကြားသည်။ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး ၁/၂၀၁၆ ကို ယနေ့မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် … Read more

  • မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီ အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း

    နေပြည်တော် ဒီဇင်ဘာ ၂၇ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေကို အတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အမျိုးသမီးများကို ရှုထောင့်ပေါင်းစုံမှ ကာကွယ်စောင့် ရှောက်ပေးနိုင်ရန် ရေးဆွဲထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာ ကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီ အစည်းအဝေး ၁/၂၀၁၆ ကို ယနေ့နံနက် ၉နာရီက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံလုံးဆိုင်ရာ … Read more

  • မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ရေပေါ်ကျွန်းကျေးရွာတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း

    (၂၇ -၁၂ -၂၀၁၆) ရက်နေ့တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ရေပေါ်ကျွန်းကျေးရွာတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် မိုးလေဝသသတင်းများ အရေးပေါ် ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ လက်ကမ်းစာစောင်များပါဝင်သည့် DAN Mobile application အကြောင်းရှင်းလင်းပြောကြားပြီး share ပြုလုပ်ပေးခဲ့ကာ လက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်ထုပ်များကို ဝေငှပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ စုစုပေါင်း (၆၅) ဦးတက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

    တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ အမှတ် (၁) ရပ်ကွက်တွင် နေအိမ် (၁) လုံး ဝါယာရှော့ဖြစ်၍ မီးလောင်ကျွမ်းခဲ့ပါသည်။ အဆိုပါ မီးဘေးသင့်ပြည်သူအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၂-၂၀၁၆) ရက်နေ့ (၁၈:၄၀) နာရီအချိန်တွင် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၁,၈၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁) သိန်းကျပ်အား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source:            ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • DAN Mobile Application နှင့် KOBO Mobile Application အသုံးပြုပုံအသုံးပြုနည်းများ အားရှင်းလင်းပြောကြားမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၂-၂၀၁၆) ရက်နေ့တွင် ထွေအုပ်၊ မီးသတ်၊ ပြန်ဆက်၊ ကြက်ခြေနီ၊ သဘာဝဘေးကွန်ယက်၊ လူမှုအဖွဲ့အစည်းနှင့် ဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း (၁၉) ဦးအား DAN Mobile Application နှင့် KOBO Mobile Application အသုံးပြုပုံ အသုံးပြုနည်းဆင့်ပွားသင်တန်းအား ကျင်းပခဲ့ကြောင်း သိရှိရပါသည်။ Source:            ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးအသိပညာများ ဟောပြောပို့ချမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၂-၂၀၁၆) ရက်နေ့ နေ့လည် (၁:၀၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ မကျီးကုန်းအုပ်စု၊ တောင်စုကျေးရွာ၌ သဘာဝဘေးအသိပညာများ ဟောပြောပို့ချခဲ့ပြီး အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၈၀) ဦးခန့်ရှိကြောင်း သိရှိရပါသည်။ Source:            ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events