Author Archives: RRD
-
သရက်မြို့နယ်၊ စမ်းအိုင့်ကျေးရွာတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၁၂-၂၀၁၆ ) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ စမ်းအိုင့်ကျေးရွာတွင် သဘာဝဘေး လျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီးသဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် သတင်းများ၊ မိုးလေဝသသတင်းများ၊ အရေးပေါ်ဖုန်းနံပါတ်များ၊ ပညာပေးကဏ္ဍ လက်ကမ်း စာစောင် များပါဝင်သည့် DAN application အကြောင်းရှင်းလင်းပြောကြား၍ share ပြုလုပ်ပေးပြီး လက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်ထုပ်များ ဝေငှပေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ စုစုပေါင်းအင်အား (၂၀၀) ခန့်တက်ရောက်ခဲ့ပါကြောင်းသိရှိရပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကျောက်မဲမြို့နယ်၊ ညောင်မောင်းကျေးရွာအုပ်စု၊ ညောင်မောင်းရွာအနီး တပ်မတော်စစ်ကြောင်းနှင့် TNLA ပလောင်လက်နက်ကိုင်အဖွဲ့တို့ ထိတွေ့မှုကြောင့် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ညောင်မောင်းကျေးရွာအုပ်စု၊ ညောင်မောင်းရွာအနီး တပ်မတော်စစ်ကြောင်းနှင့် TNLA ပလောင်လက်နက်ကိုင်အဖွဲ့တို့ ထိတွေ့မှုကြောင့် (၃) ဦးသေဆုံးခဲ့ပြီး (၇) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ အဆိုပါသေဆုံးသူ (၃) ဦးအတွက် သေဆုံးသူ (၁) ဦးလျှင်ထောက်ပံ့ငွေ (၃) သိန်းစီဖြင့် (၉) သိန်းနှင့် ဒဏ်ရာရရှိသူ (၇) ဦးအတွက် (၁) ဦးလျှင် ထောက်ပံ့ငွေ (၁) သိန်းစီဖြင့် (၇) သိန်း၊ ထောက်ပံ့ငွေစုစုပေါင်း (၁၆) သိန်းတိတိကို ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် နမ္မတူမြို့နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် ဖြစ်ပွားသော တိုက်ပွဲများကြောင့် လားရှိုးမြို့၊ ပြည်သူ့ဆေးရုံကြီး တွင် ဆေးရုံတက်ရောက်နေသည့် လူနာ ကျား (၂) ဦးနှင့် မ (၃) ဦး စုစုပေါင်း (၅) ဦးအတွက် တစ်ဦးလျှင် (၁) သိန်းကျပ်နှုန်းဖြင့် စုစုပေါင်း (၅) သိန်းကျပ်အား (၃၀-၁၂-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ ကြောင်း သိရှိရပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကော့သောင်းမြို့နယ်အတွင်းရှိ ဖုန်းဆိုင်များတွင် DAN Mobile Application အသုံးပြုပုံနည်းလမ်းများ ဖြန့်ဝေမှု သတင်းနှင့် ကြော်ငြာစာစောင်များ ဖြန့်ဝေပေးမှုသတင်း
(၂၉-၁၂-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်း ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကော့သောင်းမြို့နယ်အတွင်းရှိ ဖုန်းဆိုင်များတွင် ပြည်သူများ သဘာဝဘေး၊ မိုးလေဝသအခြေအနေနှင့် ကယ်ဆယ်ရေးသတင်းများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် DAN Mobile Application အား လိုက်လံထည့်သွင်းဖြန့်ဝေခြင်းနှင့် DAN mobile Application ကို ရယူအသုံးပြုပုံ ကြော်ငြာစာစောင်များကို ဖြန့်ဝေဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
DAN Mobile Application နှင့် KOBO Mobile Application အသုံးပြုပုံအသုံးပြုနည်းများ အားရှင်းလင်းပြောကြားမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၂-၂၀၁၆) ရက်နေ့တွင် ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီ၊ ပြန်ကြားရေးနှင့် မီးသတ်ဌာနဝန်ထမ်း စုစုပေါင်း (၁၁) ဦးတို့အား DAN Mobile Application နှင့် KOBO Mobile Application အသုံးပြုပုံ အသုံးပြုနည်းဆင့်ပွားသင်တန်းအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
မသန်စွမ်းကျောင်းများသို့ သွားရောက်၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံသားအခွင့်အရေးများကို သိရှိပြီး ခံစားရရှိစေရန်နှင့် နိုင်ငံတော်အတွက် တတ်နိုင်သမျှပေးဆပ်တာဝန်ထမ်းဆောင်နိုင်စေရန် လူမျိုးဘာသာမရွေး အသက် (၅) နှစ်မှ (၂၅)နှစ်အတွင်း မြန်မာနိုင်ငံသား အမြင်အာရုံမသန်စွမ်းသူများအား လက်ခံသင်ကြားပေးလျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ၊ ရန်ကုန်မျက်မမြင်ကျောင်း(ခဝဲခြံ)သို့ သွားရောက်ခဲ့ရာ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ခြင်း လုပ်ငန်းစဉ်များတွင် အမြင်အာရုံချို့တဲ့သူမျာနှင့် အခြားမသန်စွမ်းသူများက တစ်တပ်တစ်အား ပါဝင်လိုမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ကြီးဌာနကလှူဒါန်းသော ကျပ် (၅) သိန်းအား … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၂-၂၀၁၆) ရက်နေ့တွင် မကွေးမြို့နယ်၊ နတ်ကန်ကျေးရွာအုပ်စု၊ ရွာသစ်ကလေးကျေးရွာ၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခြင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန် ဆောင်ရွက်မည့်စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သော သဘာဝဘေးနှင့်စပ်လျဉ်းသည့်သတင်းများ၊ အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများ နှင့် မြန်မာနိုင်ငံအတွင်းသဘာဝဘေးလျော့ပါးရေးဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တစ်ပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ် အရေးကြီးဖုန်းနံပါတ်နှင့် သဘာဝဘေးပညာပေး လက်ကမ်းစာစောင်များ ထည့်သွင်းထားသော … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သာစည်ကျေးရွာအုပ်စု၊ ကျောက်ပစ်ကုန်းကျေးရွာတွင် (၂၇-၁၂-၂၀၁၆) ရက်နေ့ (၁၈:၀၀) နာရီအချိန်တွင် ထင်းမီးဖိုမှတစ်ဆင့် နေအိမ် (၁) လုံး မီးလောင်ကျွမ်းခဲ့ပါသည်။ အဆိုပါ မီးဘေးသင့်ပြည်သူအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာဖိုးငွေနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၂,၇၀၀) ကျပ်အား (၂၈-၁၂-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူတစ်ဦးမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ နမ့်စစ်လင်းကျောင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
(၂၇-၁၂-၂၀၁၆) ရက်နေ့ညပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ နမ့်စစ်လင်းကျောင်းသို့ ရောက်ရှိလာသော ညောင်မောင်းကျေးရွာမှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၃၇) စုမှ လူဦးရေ (၉၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၃၇) အိမ်ထောင်စာနှင့် ဆန်ရိက္ခာ (၃) ရက်စာဘိုးငွေ (၈၇၃၀၀) ကျပ်တိတိအား ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက ညောင်မောင်းတိုက်ပွဲရှောင်ပြည်သူများထံသို့ (၂၈-၁၂-၂၀၁၆) ရက်နေ့၊ နံနက်ပိုင်းတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁၂-၂၀၁၆) ရက်နေ့တွင် ပြင်းငယ်ကျေးရွာတွင် လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ (၂) ဦးအတွက် ထောက်ပံ့ငွေ (၂၀၀,၀၀၀) ကျပ်အား (၂၈-၁၂-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
